လှိုင်မြို့နယ်မှာတရက်တည်း လူငယ်ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၆ ရပ်ကွက်မှာ အခုရက်ပိုင်းအတွင်းစစ်ကောင်စီက အင်အားအများအပြားအသုံးပြုပြီး လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။

 “လူငယ်တွေက အုပ်စုလိုက် ဂိမ်းဆော့နေကြတာ၊အဲ့အချိန်မှာ သူတို့အရင်ဆုံး အိမ်စီးကားတွေနဲ့လာပြီး လူငယ် တွေကို သေနတ်တွေနဲ့ချိန်ပြီး ဝမ်းလျားမှောက်ခိုင်ပြီး လက်ထပ်ခတ်၊မျက်နှာတွေအုပ်ပြီး ဖမ်းသွားတာ ခြောက် ယောက်လောက်တော့ရှိတယ်”လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။

 စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ရက်၊နေ့လည် ၁၂နာရီခန့်က အိမ်စီးကားတွေအသုံးပြုပြီး လှိုင်မြို့နယ်၊၁၆ ရပ်ကွက် က မာလာမြိုင် ၂လမ်းနဲ့ ၇အိမ်တန်းထိပ်အနီးမှာ လူငယ်တွေကို ဖမ်းဆီးခဲ့ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 အဲ့ဒီလို ဖမ်းဆီးနေချိန်မှာလည်း စစ်သားတွေက ရပ်ကွက်အတွင်းက လမ်းတချို့ကို ပိတ်ဆိုထားကာ အများပြည် သူကိုလည်း လမ်းသွားလမ်းလာခွင့်မပြုခဲ့ဘူးလို့လည်း ၁၆ရပ်ကွက်မှာနေထိုင်သူတွေကပြောပါတယ်။

  “အဲ့ကလေးတွေကို ဖမ်းပြီးတာနဲ့ ချက်ချင်းပဲ ဦးသင်းဖေလမ်းထဲကိုလည်းထပ်ဝင်သေးတယ်၊အဖမ်းခံရတဲ့ ကလေး တွေက အဲ့ဒီမာလာမြိုင် ၂လမ်းနဲ့၇အိမ်တန်းဘက်က ကလေးတွေ၊မာလာမြိုင်က သုံးယောက်၊၇အိမ်တန်းက သုံး ယောက်ပေါ့”လို့ ၁၆ရပ်ကွက်နေ ဒေသခံမျက်မြင်တွေ့ရှိသူတဦးကလည်း ပြောပါတယ်။

 အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေဟာ ပြန်သွားခဲ့ပေမယ့် မွန်းလွဲပိုင်းမှာ အိမ်စီးကားတွေ၊DCကားတွေနဲ့ ဦးသင်း ဖေလမ်းကို ထပ်ရောက်လာပြီး နေအိမ်တအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သလို မွန်းလွဲ ၂ နာရီမှာ မာလာမြိုင် ၇လမ်းမှာရှိတဲ့ နေအိမ်တလုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

 “၇လမ်းမှာကျတော့ သူတို့စာရင်းနဲ့လာတာ၊ စာရင်းနဲ့လာရှာတဲ့သူကမရှိတော့ မိသားစုဝင်တွေကို ဖမ်းသွား တယ် လို့ကြားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာလည်း လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက် ကအိမ် တအိမ်ကို ဝင်​ရောက်ရှာဖွေခဲ့သေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။

 စစ်ကောင်စီဟာ ရန်ကုန် ကမာရွတ်၊မရမ်းကုန်း၊လှိုင်နဲ့အင်းစိန်မြို့နယ်တို့က ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ကျူး လွန်သူနဲ့ဆက်စပ်နေသူ ခုနစ်ဦးကိုလည်း အခုလ ၇ရက်၊၈ရက်၊၉ရက်တို့မှာ သုံးရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့ တယ် လို့ ထုတ်ပြန်ထားပါသေးတယ်။

လှိုင်မြို့နယ်မှာရှိတဲ့ ရွှေဝါဆပ်ပြာစက်ရုံ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ စစ်တပ်အရာရှိဟောင်း ပြီးခဲ့တဲ့ ဇန်နဝါ ရီ(၃၀)ရက်ကပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အဲ့ဒီခုနစ်ဦးကို စုံစမ်းဖမ်းဆီးခဲ့တာလို့ စစ်ကောင် စီသတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီက ဖမ်းမိထားတယ်ဆိုသူတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တွေကို DNA က ဆက်သွယ်မေးမြန်းရာမှာတော့ လက်ရှိဖမ်းဆီးခံရသူတွေထဲအရပ်သားတွေအများအပြားပါဝင်နေတယ် လို့ပြောပါတယ်။