နိုင်ငံရေး

လှိုင်မြို့နယ်မှာတရက်တည်း လူငယ်ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊၁၆ ရပ်ကွက်မှာ အခုရက်ပိုင်းအတွင်းစစ်ကောင်စီက အင်အားအများအပြားအသုံးပြုပြီး လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။  “လူငယ်တွေက အုပ်စုလိုက် ဂိမ်းဆော့နေကြတာ၊အဲ့အချိန်မှာ သူတို့အရင်ဆုံး အိမ်စီးကားတွေနဲ့လာပြီး လူငယ် တွေကို သေနတ်တွေနဲ့ချိန်ပြီး ဝမ်းလျားမှောက်ခိုင်ပြီး လက်ထပ်ခတ်၊မျက်နှာတွေအုပ်ပြီး ဖမ်းသွားတာ ခြောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးရေသန့်စက်ရုံဂတ်စ်ယိုစိမ့်မှု​မှာဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိပြီး ဆေးရုံတင်ပို့ထားရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ် ညနေစျေးတန်းကို စစ်တပ်နဲ့ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ဖျက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ လိူင်မြို့နယ် ၁၃ ရပ်ကွက်ထဲမှာရှိတဲ့ ဓမ္မသုခကျောင်းလမ်း ညနေစျေးတန်းကိုဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေပေါင်းပြီးဆိုင်ခန်းတွေကို ဖျက်သိမ်းနေတယ်လို့ ဒေသခံတွေက DNA ကပြောပါတယ်။ “အရင်ကလုပ်​နေကျအတိုင်း ​စျေးတန်းကိုလာရှင်းတဲ့ပုံပါပဲ။ အဲဒီနေရာက တရားဝင် ဆောက်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ အမျိုးသမီးသုံးဦးကို စစ်ကောင်စီက နေအိမ်မှာ ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်ရပ်ကွက်၊ ကျောင်းကုန်း ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသမီး သုံးဦးကို ဧည့်စာရင်း မတိုင်တဲ့အတွက်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၁၇) ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ အမျိုးသားတစ်ဦးကို စစ်တပ်က နေအိမ်မှာလာရောက်ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ သီရိမြိုင် (၂) လမ်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ (၃၁) ရက် ညသန်းခေါင်အချိန် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “တိုက်ပေါ်ကိုတက်စစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြိုနယ်မှာ စစ်ကောင်စီဗိုလ်ကြီးနဲ့ဇနီးအပါ အဝင်သုံးဦး ပစ်သတ်ခံရ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ သီရိမြိုင်မှတ်တိုင်အနီးမှာ ဒီကနေ့ အောက်တိုဘာ (၂၀)ရက်၊ မနက်(၁၀) နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီးနဲ့ ဇနီးအပါအဝင် သုံးဦးနေရာမှာ ပဲသေဆုံး သွားတယ်လို့သီရိမြိုင်ဘူတာအနီးနေထိုင်သူတွေကပြောပါတယ်။ “ဘယ်တပ်ကလည်းတော့မသိဘူး၊သူတာဝန်ကျတာ ရှမ်းပြည်ဘက်မှာ၊သူတို့တွေက ဒီရက်ပိုင်းမှ ဒီကို ပြန်လာကြတာ၊ကျွန်တော်တို့ ပေါင်းစည်းလမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ လှိုင်မြို့နယ်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ရန်ကုန်တိုင်းမှာ ဒီနေ့ ဇူလိုင်လ ၅ရက်နေ့ မနက် ၇ နာရီ ၃၉မိနစ်မှာ ငလျင်တစ်ခု လှုပ်ခတ်သွား တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့ခံအများစုလည်း ငလျင်ကိုသိသိသာသာခံစားရကြောင်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ ငလျင်လှုပ်မှုကို သိသိသာသာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်ဖိုက်တာ အောင်ကျော်စိုး အမည်မသိ သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်းဒေကြီး၊ လှိုင်မြို့နယ်၊ (၁) ရပ်ကွက်မှာရှိတဲ့ လှိုင်ဖိုက်တာလို့ လူသိများတဲ့ အောင်ကျော်စိုး (ခ) ဖိုးကျော်ကို ဒီကနေ့ဇွန် ၅ ရက်၊ မနက်အစောပိုင်းမှာ အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ်မှု​ကြောင့် လှိုင်ဖိုက်တာလို့ လူသိများတဲ့ အောင်ကျော်စိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ NLD ပါတီဝင် ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဖမ်းဆီးခံရ

 ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်မှာ NLD ပါတီဝင်ဖြစ်သူ မြဝတီ ရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက NUG၊ PDFတို့ကို ထေက်ပံ့ကူညီနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်ထဲက CB ဘဏ် ATM စက်ကို ဖောက်ခွဲ

အကြမ်းဖက် စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းရာမှာ ပါဝင်သူ ခရိုနီခင်မောင်အေးပိုင် CB ဘဏ် ATM စက်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီလောက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]