သမိုင်းလမ်းဆုံဘန်ကာတိုက်ခိုက်မှုအတွက်ဖမ်းဆီးခံရတဲ့လူငယ်သေဆုံးကြောင်းနှစ်နှစ်အကြာမှမိသားစုသိရ

ဧပြီ ၊ ၁၀

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံက စစ်ကောင်စီဘန်ကာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ၂၀၂၂ခုနှစ်အတွင်း ဖမ်း ဆီးခံခဲ့ရတဲ့လူငယ်တဦး စစ်ကောင်စီလက်ထဲ သေဆုံးသွားတဲ့အကြောင်းမိသားစုက နှစ်နှစ်နီးပါးအကြာ အခုရက်ပိုင်းက မှ သိရတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

သေဆုံးသွားသူဟာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရန်လင်းဦးဖြစ်ပြီး ပြီး ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က နေအိမ်ကနေ ပိတ်ဆို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။

“အဖမ်းခံရကတည်းက ရဲစခန်းတွေ၊ ထောင်တွေမှာ လိုက်စုံစမ်းတာ လုံးဝမရဘူး” လို့ ကိုရန်လင်းဦးရဲ့ မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။အဲ့ဒီနောက် နှစ်နှစ်ဝန်းကျင်အကြာမှာမှ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အကူ အညီနဲ့ သေဆုံးသွားပြီဆိုတာ အတည်ပြုနိုင်တာလို့ သူကပြောပါတယ်။

မိသားစုဝင်တွေ သိရှိခဲ့ရတဲ့ အချက်အလက်တွေအရတော့ ကိုရန်လင်းဦးဟာ အဖမ်းခံရပြီး တလလောက်အကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ကတည်းက သေဆုံးခဲ့တာဖြစ်ပြီး ဘယ်မှာသေဆုံးခဲ့တာလဲဆိုတာကိုတော့ အတိ အကျမသိရပါဘူး။

ကိုရန်လင်းဦးသေဆုံးသွားတာနဲ့ပတ်သက်လို့ ရန်ကင်းရဲစခန်းမှာ သေမှုသေခင်းစာရင်းသွင်းထားကြောင်းသာ အတည်ပြုနိုင်ခဲ့တာလို့ အထက်ပါ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

ကိုရန်လင်းဦးနဲ့အတူ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းဇော်လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုဟိန်း ဇော်ရဲ့ အခြေအနေကိုတော့ မသိရပါဘူး။

အာဏာသိမ်းမှုဆန့်ကျင်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ၊ဖမ်းဆီး၊သတ်ဖြတ်မှုတွေလုပ်လာတဲ့နောက် တုံ့ပြန် တိုက်ခိုက်မှုတွေပေါ်ပေါက်လာချိန်မှာ သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူလေ့ရှိတဲ့ ရဲကင်းနဲ့ ဘန်ကာတွေ ဟာ မကြာခဏတိုက်ခိုက်ခံရလေ့ရှိခဲ့ပါတယ်။

အထက်ပါသေဆုံးသွားသူကိုရန်လင်းဦးတို့ အဖမ်းမခံရမီ ရက် ၂၀ လောက်အလို ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်မှာ သမိုင်းလမ်းဆုံ မီးပွိုင့်လမ်း လယ်မှာရှိတဲ့ ဘန်ကာ ဗုံးပစ်သွင်းခံရတာ၊ပစ်ခတ်ခံရတာတွေရှိခဲ့သလို အဲ့ဒီမတိုင်ခင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်းက လည်း သမိုင်းလမ်းဆုံစီးတီးမတ် အနီးက လုံခြုံရေးဘန်ကာ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။သေ ဆုံးသွားတဲ့အကြောင်း မိသားစုကအခုမှသိရတဲ့ ကိုရန်လင်းဦးနဲ့ အတူဖမ်းဆီးခံရသူ ကိုဟိန်းဇော်တို့ဟာ အဲ့ဒီတိုက်ခိုက်မှုတွေ နဲ့ ပတ်သက်မှုရှိမရှိဆိုတာကိုတော့ DNAအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားပြီးနောက် မကြာခင်မှာပဲ သတ်ဖြတ်ခံလိုက်ရပြီး မိသားစုကိုအကြောင်းမကြား၊အသိ မ‌ပေးဘဲ ဖုံးကွယ်ခံထားရသူတွေအများအပြားရှိနေပါတယ်။ကိုရန်လင်းဦးတို့လိုပဲ ဖမ်းဆီးခံရပြီးနောက်သတ် ဖြတ်ခံလိုက် ရတဲ့ ရန်ကုန်မြို့ခံ လူငယ်နောက်တဦးဟာလည်း သေဆုံးပြီးခုနစ်လအကြာ အခုလအတွင်းကမှ မိသားစုဆီအသိ ပေးခံ ခဲ့ရပါတယ်။

စစ်တပ်ကဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရပြီး မိသားစုက ချက်ချင်းမသိလိုက်ရသူတွေထဲမှာ ရိုးရာ လက်ဝှေ့ချန်ပီယံ တူးတူးလို လူသိများထင်ရှားသူလည်း ပါဝင်ပါတယ်။စစ်ကောင်စီဟာ လက်ဝှေ့ကျော်တူးတူးကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး တနှစ်အကြာ ၂၀၂၃ခုနှစ် ဧပြီလမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပေမယ့် မိသားစုကိုတော့ သုံးလလောက်အကြာမှ အသိ ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းမှုဆန့်ကျင်သူနဲ့ ဆန့်ကျင် သူအဖြစ် သတ်မှတ်ဖမ်းဆီးခံရတဲ့ လူဦးရေထောင်ချီဟာ ဘယ်နေရာမှာ ထိန်းသိမ်းချုပ်နှောင်ခံထားရတယ်ဆိုတာ မိသား စုကမသိရ၊ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံခဲ့ရတယ်လို့ ၂၀၂၂ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါ တယ်။

ဒါဟာ အတင်းအကျပ်ပျောက်ဆုံးစေမှု ကျူးလွန်တာလို့လည်း AAPP ကထောက်ပြထားပါတယ်။အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊မိသားစုဝင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရလည်း အလားတူ ဖမ်းဆီးခံရပြီးနောက် သတင်းမရတော့ဘဲ အဆက်အသွယ်ပြတ်ပျောက် ဆုံးသွားသူတွေအများအပြားရှိနေပြီး ဒီလိုပျောက်ဆုံးသူတွေထဲ မန္တလေးမြို့အခြေစိုက် သံဃသမဂ္ဂ(မန္တလေး)က သံဃာ တချို့လည်းပါဝင်နေပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် မတ်လကုန်အထိ AAPP ကအတည်ပြုထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီ လက် ချက်နဲ့ သေဆုံးခဲ့သူ စုစုပေါင်း ၄၈၀၀အထိရှိပြီး အဲ့ဒီအထဲက ၁၆၉၉ဦးဟာ အရှင်ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဖော်ပြထားပါတယ်။