ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်နဲ့ ကျောက်တန်းမြို့နယ်ရှိ စစ်အုပ်စုပစ်မှတ် ၃ နေရာကို တိုက်ခိုက်ခဲ့ကြောင်း သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်နေ့ည ၉ နာရီကျော်မှာ သန်လျင်မြို့နယ် TTU ဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦးသတင်းအရ စစ်သားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ည ၉ နာရီ ၁၃ မိနစ်မှာ ကျောက်တန်းမြို့နယ် သီလဝါ နယ်မြေရဲစခန်းအတွင်း…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ရွာနှစ်ရွာက ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားပါတယ်။ ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ခရမ်းမြို့နယ် ကြာထုံးရွာနဲ့ အိုးဝကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အပြန်မှာ ရွာသား ၁၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။ ‘ဘာ့ကြောင့်ဖမ်းသလဲဆိုတာ ခန့်မှန်းပြောကြတာတော့ရှိတာပေါ့။ ကျွန်တော်တို့အမြင်က ထင်ရာမြင်ရာ လျှောက်ဖမ်းတာပါ။ အဓိကကတော့ သတင်းပေးတွေက ဒုက္ခပေးတာထင်တယ်’…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ ကမာကလူကျေးရွာက သွေးသောက်အဖွဲ့ဝင်လို့ သတင်းကြီးနေ သူရဲ့တပည့် ရှင်းလင်းခံရတယ်လို့ သိရပါတယ်။ ခရမ်းမြို့နယ် ကမာကလူကျေးရွာရှိ သွေးသောက်အဖွဲ့ဝင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေသူငနိုင်နဲ့ သူ့တပည့်ဖြစ်သူကို မေ ၁၆ ရက်နေ့မှာ အမည်အသိအဖွဲ့က သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။ ပစ်ခတ်နေစဉ် သွေးသောက်အဖွဲ့ဝင် ငနိုင်ဆိုသူ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ရဲ့တပည့်ဖြစ်သူမှာနေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ‘ဆရာတပည့် အတူရှိနေတဲ့အချိန်မှာ…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ရွာသား ၂၅ ဦးကို ၁၀ ရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။ ဧပြီ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့က ဇွဲတွန်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ အလစ်အငိုက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ဇွဲတွန်ရွာသား ၂၅ ဦးကို အုန်းနှဲနဲ့ ကဝမြို့ရဲစခန်းတို့မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ ဖမ်းဆီးထားကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးသာမျက်နှာ Kawa Information…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ဒီနေ့မနက်မှာ ရှင်းလင်းခံရပါတယ်။ ခရမ်းမြို့နယ်၊ တကောကန်ကျေးရွာနေ အကြမ်းဖက်စစ်တပ်သတင်းပေးလို့ အများကသတ်မှတ်ကြတဲ့ သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ သန့်ဇင်ဟာ အရင်စစ်ထောက်လှမ်းရေးတပ်မှာ တာဝန်ထမ်းခဲ့ဖူးတဲ့ ပင်စင်စားတစ်ဦးဖြစ်ပြီး ခရမ်းကနေ ဆိုင်ကယ်နဲ့ တကောကန်ကို အပြန်လမ်းခုလတ်မှာ အပစ်ခံရခြင်းဖြစ်ပါတယ်။ ‘အနီးကပ်ကို အပစ်ခံရတယ်လို့…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) က ဒီနေ့ မနက် ၇ နာရီခွဲကျော်မှာ ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ မြို့ဟောင်းအရှေ့ အုပ်ချုပ်ရေးမှူး ရဲထွဋ်ဟာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို နှိပ်စက်နေတယ်ဆိုတဲ့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေအရ သန်လျင် PDF ကစုံစမ်းခဲ့ရာ မှန်ကန်နေတာကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ သန်လျင်ချန်နယ်က ဖော်ပြပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးတွေကို…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ပေါ်မှာ အချိန်အခါမဟုတ် ရေပက်ကစားနေတဲ့ အထည်ချုပ် ဖယ်ရီကားတွေကို မြို့ပြ PDF တပ်ဖွဲThongwa Youth Force (T.Y.F) က သတိပေးလိုက်ပါတယ်။ သုံးခွအထည်ချုပ် ဝန်ထမ်းတွေဟာ အလုပ်ဆင်းလို့ အိမ်ပြန်လာချိန်မှာ သုံးခွမြို့ပေါ် ရေပက်ကစားခြင်းကြောင့် လမ်း သွားလမ်းလာတွေ စိတ်အနှောက်အယှက် ဖြစ်မိတယ်လို့ T.Y.F အနေနဲ့ တိုင်ကြားစာရရှိထားကြောင်း အဲဒီအပြုအမူ ဟာ စစ်အုပ်စုပြုလုပ်ဖို့ ကြိုးစားနေတဲ့ အတုအယောင်သင်္ကြန်ကို ပူးပေါင်းပါဝင်မှု မြောက်တယ်ဆိုတာ သတိမူသင့်ကြောင်း…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့၊ စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်တစ်ဦး ရှင်းလင်းခံရတယ်လို့ သိရပါတယ်။ ကျောက်တန်းမြို့နယ် စံချိန်မှီရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမိုး နဲ့သူရဲ့ တပည့်နှစ်ဦးကို ဧပြီလ ၂ ရက် နေ့လည် ၁၂ နာရီခွဲလောက်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့ က ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။ စိုးမိုးနဲ့ တပည့်တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တပည့်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။လာရောက်ပစ်ခတ်တဲ့ သေနတ်သမား…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စစ်တပ်အားကိုး လူမိုက် ၅ ဦးကို သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က ရှင်းလင်းခဲ့ရာ ၃ ဦး သေဆုံးခဲ့ပါတယ်။ သုံးခွမြို့နယ် မကျီးပေါက်ကန်ကျေးရွာက တုတ်ပြီး ဓားပြီး လို့ဆိုပြီး စစ်တပ်အားကိုး လူမိုက်ဖိုးအေးဆိုသူနဲ့ သူ့ရဲ့နောက်လိုက် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့က သေနတ်နဲ့ ၁၅ ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး…
Read Moreရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်က အခွန်ရုံးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ကျည်ဆံဖိုး အခွန်ဆက်သနေတဲ့ အခွန်ရုံးကို ခရမ်း PDF က ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်ပြီးရှေ့ဆက်ပြီး စစ်အုပ်စုအတွက် ဆက်လက်အလုပ်လုပ်ပေးနေပါက အခုထက်ပိုမို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ခရမ်း-PDF က ပြောကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခြင်းဖြစ်လို့ လူအထိအခိုက်မရှိအောင်သေချာစီမံပြီး…
Read More