ရန်ကုန် ၁၆ မြို့နယ် ရေပြတ်မယ်

“စည်ပင်ရေက အခုနောက်ပိုင်း အဆင်မပြေဘူး။ အချိန်မတော်မှလာလို့ ထပြီးရေမောင်းရတာတွေလည်းရှိတယ်”

၂၅၊ဇူလိုင်

ဇူလိုင် ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့က ၁၆ မြို့နယ်မှာ  ရေပြတ်တောက်ဖို့ ရှိတာကြောင့် ရေကြိုတင်စုဆောင်းထားဖို့ မြို့တော်စည်ပင်အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမူ)က အသိပေးထားပါတယ်။

မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊လိူင်၊ လိူင်သာယာ(စက်မူဇုန်)၊ အင်းစိန်၊ကမာရွက်၊ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်စတဲ့ မြို့နယ်တွေမှာ ဒီအခြေအနေကို ကြုံတွေ့ရမယ်လို့ ဆိုပါတယ်။

လှော်ကားရေတွန်းစက်ရုံအတွက် အသုံးပြုနေတဲ့ ဓာတ်အားလိုင်း ချို့ယွင်းတာကို ရေတွန်းစက်တွေပိတ်ပြီး ပြင်ဆင်မှာဖြစ်လို့ လှော်ကားရေလှောင်ကန်ကနေ ရေပေးဝေနေတဲ့ မြို့နယ်တွေမှာ ရေပြတ်တောက်တာ၊ ရေအားနည်းတာတွေ ကြုံရမှာပါ။

“စည်ပင်ရေက အခုနောက်ပိုင်း အဆင်မပြေဘူး။ အချိန်မတော်မှလာလို့ ထပြီးရေမောင်းရတာတွေလည်းရှိတယ်” လို့ တောင်ဥက္ကလာပမြို့နယ်မှာနေသူတဦးက ပြောပါတယ်။

 

ကြေညာထားတဲ့ မြို့နယ်တွေ အနေနဲ့  ကြိုတင်ရေစုဆောင်းထားဖို့နဲ့ သောက်သုံးရေ အခက်အခဲရှိရင် သက်ဆိုင်တဲ့ မြို့နယ်စည်ပင်ရုံးတွေဆီ ဆက်သွယ် အကူအညီတောင်း နိူင်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့မှာ ရေပေးဝေရေး စခန်းတွေအတွက် အဓိကဓာတ်အားပေးနေတဲ့ လှော်ကားဓာတ်အားခွဲရုံမှာ အခုလဆန်းပိုင်းကစပြီး ဓာတ်အားလိုင်း ချို့ယွင်းသွားလို့ ရေတွန်းစက်တွေ အားအပြည့် ရေမပေးနိူင်တဲ့ အခြေအနေ ကြုံနေရတယ်လို့လည်း မြို့တော်စည်ပင်က ထုတ်ပြန်ထားပါတယ်။