သွေးသောက်အဖွဲ့ဝင်လို့ သတင်းကြီးနေသူရဲ့တပည့် ခရမ်းမှာ ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ ကမာကလူကျေးရွာက သွေးသောက်အဖွဲ့ဝင်လို့ သတင်းကြီးနေ သူရဲ့တပည့် ရှင်းလင်းခံရတယ်လို့ သိရပါတယ်။
ခရမ်းမြို့နယ် ကမာကလူကျေးရွာရှိ သွေးသောက်အဖွဲ့ဝင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေသူငနိုင်နဲ့ သူ့တပည့်ဖြစ်သူကို မေ ၁၆ ရက်နေ့မှာ အမည်အသိအဖွဲ့က သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
ပစ်ခတ်နေစဉ် သွေးသောက်အဖွဲ့ဝင် ငနိုင်ဆိုသူ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ရဲ့တပည့်ဖြစ်သူမှာနေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
‘ဆရာတပည့် အတူရှိနေတဲ့အချိန်မှာ ဝင်ပစ်တာ။ ငနိုင်ကလွတ်သွားတယ်။ မနေ့တုန်းကလည်း ဂွေးပင်ချောင်ရွာက ဒလန်တစ်ဦးလည်း အပစ်ခံရပြီးသေတယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
မနေ့မနက်ပိုင်း ၁၁ နာရီ မိနစ်၄၀ လောက်က ခရမ်းမြို့၊ ဂွေးပင်ချောင်ကျေးရွာရှိ အများက ဒလန်လို့သတ်မှတ်သူ အောင်ကျော်မြင့်ဦး အပစ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။