နိုင်ငံရေး

ခရမ်းမြို့က CDM ကျောင်းဆရာတဦးကိုစစ်တပ်က ထောင်ဆယ်နှစ်ချလိုက်

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်က အထက(ခွဲ) ကံဟောင်းကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့မူလတန်းပြဆရာတဦးဖြစ်တဲ့ ဦးထက်မြက်အောင်ကို  စစ်ကောင်စီက ထောင်ဒဏ် ၁၀နှစ်ချလိုက်တဲ့အ‌ပေါ် ကန့်ကွက်ကြောင်း  ခရမ်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ က ထုတ်ပြန်ကြေညာလာပါတယ်။   ကျောင်းဆရာဦးထက်မြက်အောင်ဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနေအိမ်မှာနေထိုင်နေစဉ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာတာဝန်ကျတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာ

ခရမ်းမြို့ အခုလပိုင်းအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း တာဝန်ကျနေတဲ့စစ်သားတွေ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတယ်လို့သိရပါတယ်။ ခရမ်းမြို့ တာဝန်ကျစစ်သားတွေဟာ WY၊ ဆေးခြောက်၊ မူးယစ်ဆေးဝါး၊ ဘိန်းနဲ့အရက် တို့ကိုတစ်နေ့ကို ပျမ်းမျှကျပ် နှစ်သိန်းဖိုးလောက် သုံးစွဲနေကြ ကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာ မူလတန်းကလေးတွေသာ ကျောင်းတက် များ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်မှာ မူလတန်းကလေးတွေသာကျောင်းတက်အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ခရမ်းတစ်မြို့နယ်လုံးအတိုင်းအတာအရ ကျောင်းအပ်နှံထားသူစုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး တကယ်တမ်း ကျောင်းတက်ရောက်တာကတော့ ၂၂၀၀ ကျော်သာရှိခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဆိုပါတယ်။ မြို့ပေါ်ကျောင်းတွေဖြစ်ကြတဲ့ အ.ထ.က(၂)မြို့မ ကျောင်းမှာ ကျောင်အပ်နှံထားသူ ၁၄၁၇ ဦးရှိပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း အကြမ်းဖက်သွေးသောက်အဖွဲ့ ကျောင်းတွေကိုတိုက်ခိုက်လာနိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေ သတိကြီးကြီးထားကြဖို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်သွေးသောက်အဖွဲ့ဟာ ကျောင်းတေွနဲ့ ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ကာ ခရမ်းပြည်သူနဲ့ ခရမ်းPDF ကြား အထင်အမြင်လွဲမှားအောင်ပြုလုပ်လာနိုင်တယ်လို့ ခရမ်းချန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ်ထမ်းခိုင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ် ထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ မေလ၂၂ရက်နေ့ကနေ ဒီနေ့အထိ ကရင်ကန်ဂိတ် ဖြတ်သန်းတဲ့ဆိုင်ကယ်တွေကို ဆိုင်ကယ်လိုင်စင်နဲ့ လူလိုင် စင်ပါ၊မပါ ဂိတ်စောင့်စစ်သားတွေက စစ်ဆေးကာ မပါလာတဲ့ အမျိုးသားတွေကို သဲအိတ်ထမ်းခိုင်းကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သွေးသောက်အဖွဲ့ဝင်လို့ သတင်းကြီးနေသူရဲ့တပည့် ခရမ်းမှာ ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ ကမာကလူကျေးရွာက သွေးသောက်အဖွဲ့ဝင်လို့ သတင်းကြီးနေ သူရဲ့တပည့် ရှင်းလင်းခံရတယ်လို့ သိရပါတယ်။ ခရမ်းမြို့နယ် ကမာကလူကျေးရွာရှိ သွေးသောက်အဖွဲ့ဝင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေသူငနိုင်နဲ့ သူ့တပည့်ဖြစ်သူကို မေ ၁၆ ရက်နေ့မှာ အမည်အသိအဖွဲ့က သေနတ်နဲ့ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်လုပ်မယ့် ခရမ်းသင်္ကြန်ကို ပြင်းထန်စွာ ဟန့်တားမယ်

အကြမ်းဖက်စစ်တပ် ပြုလုပ်တဲ့ သင်္ကြန်ပွဲကို နည်းမျိုးစုံနဲ့ ပြင်းထန်စွာ တားမြစ်သွားမယ်လို့ ခရမ်းမြို့ပြတော်လှန်ရေးအဖွဲ့ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ် ပြုလုပ်မယ့် ခရမ်းမြို့ သင်္ကြန်မှာပြည်သူတွေ မပါဝင်ကြဖို့နဲ့ ရေစကားခြင်းနဲ့ ရေပက်ခံထွက်တဲ့လူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းသူအဖြစ်သတ်မှတ်မယ်လို့ ဆိုသလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း အခွန်ရုံးကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲသတိပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်က အခွန်ရုံးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ကျည်ဆံဖိုး အခွန်ဆက်သနေတဲ့ အခွန်ရုံးကို ခရမ်း PDF က ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်ပြီးရှေ့ဆက်ပြီး စစ်အုပ်စုအတွက် ဆက်လက်အလုပ်လုပ်ပေးနေပါက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာ ဆိုင်ကယ်နှစ်ယောက်စီးသူတွေကို အကြမ်းဖက်စစ်တပ်ရိုက်နှက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နဲ့အနီး ကျေးရွာတွေမှာ ဆိုင်ကယ်နှစ်ယောက်စီးတဲ့ သူတွေကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ညှင်းပန်းနေတယ်လို့ သိရပါတယ်။ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ရရှိထားတဲ့စာရင်းအရ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့အထိ ဆိုင်ကယ်နှစ်ယောက်စီးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ် စစ်အုပ်စုပစ်မှတ်တွေ ဆက်တိုက်အတိုက်ခံရပြီးနောက် ပိတ်ဆို့စစ်ဆေးမှု ပြင်းထန်လာ

အကြမ်းဖက်စစ်အုပ်စု ပစ်မှတ်တွေ ဆက်တိုက်တိုက်ခိုက်ခံနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်မှာ ပိတ်ဆို့စစ်ဆေးမှု ပြင်းထန်နေတယ်လို့ သိရပါတယ်။ မတ်လ ၁၈ ရက် ညနေပိုင်းက ခရမ်းမြို့မရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ သစ်တောဂိတ်တို့ကို ခရမ်း PDF က ဗုံးသီးလောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ခရမ်းမြို့ပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]