သန်လျင်မြို့ဟောင်းအရှေ့အုပ်ကြီးကို ရှင်းလင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) က ဒီနေ့ မနက် ၇ နာရီခွဲကျော်မှာ ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
မြို့ဟောင်းအရှေ့ အုပ်ချုပ်ရေးမှူး ရဲထွဋ်ဟာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို နှိပ်စက်နေတယ်ဆိုတဲ့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေအရ သန်လျင် PDF ကစုံစမ်းခဲ့ရာ မှန်ကန်နေတာကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ သန်လျင်ချန်နယ်က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးတွေကို ဆက်လက်ဖြိုဖျက်သွားမယ်လို့လည်း သန်လျင် PDF က ဆိုပါတယ်။