ဘန့်ဘွေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ဘန့်ဘွေးရွာကို စစ်ကူထွက်လာတဲ့ စစ်အုပ်စုရဲ့ ကားနှစ်စီးကို ချိုချိုမိုင် ယင်းမာပင်-ကနီ တပ်ပေါင်းစုကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
ဘန့်ဘွေးကျေးရွာ စခန်းချထားတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။