မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ် မယ်လယ်ကုန်းကျေးရွာနားတိုက်ပွဲမှာတပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့တဲ့ စစ်တပ်ဟာ မယ်လယ်ကုန်းရွာရဲ့အနောက်ဘက်က လှော်ဝရွာမှာ စခန်းချနေပြီး ရွာခံတွေကိုဖမ်းဆီးကာ ဖုန်းတွေသိမ်းယူထား တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-Mindat နဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မယ်လယ်ကု န်းရွာနား မှာ စက်တင်ဘာ ၉ရက် မနေ့က နေ့လယ်ပိုင်းမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာပါ။အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် က သုံးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရနိုင်တယ်လို့ CDF-Mindat ကထုတ်ပြန်ထား ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ…
Read Moreအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို လက်တွေ့ကျကျအရေးယူသွားတော့မယ်လို့ မင်းတပ် CDF က ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး စစ်အုပ်စုဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်လို့ မိဘတွေအနေနဲ့ စစ်အုပ်စုဖွင့်တဲ့ကျောင်းမှာ ကျောင်းမအပ်ကြဖို့နဲ့ ကျောင်းအပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ မင်းတပ် CDF အနေနဲ့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ဝန်ထမ်းတွေကို အရေးမယူဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ ဝန်ထမ်းတချို့ဟာ သတိပေးခြင်းကို အလေးမထားဘဲ စစ်အုပ်စုနဲ့ဆက်လက်ပူးပေါင်းနေတယ်လို့…
Read Moreအကြမ်းဖက်စစ်အုပ်စု စာသင်ကျောင်းတွေမှာ မတက်ဘဲ မင်းတပ်အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော ပြည်သူ့စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံဖို့ မနေ့က မေလ ၂၅ ရက်နေ့မှာ မင်းတပ် ပ.အ.ဖ က စာထုတ် ပြန်လိုက်တာပါ။ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အဆိုပါကျောင်းတွေမှာ ကျောင်းမအပ်ဘဲ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဖွင့်လှစ်ထားတဲ့ ကျေးလက်ဒေသ ပြည်သူ့စာသင်ကျောင်းတွေမှာပဲ ကျောင်းအပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာပါ။ အကြမ်းဖက်စစ်အုပ်စုဖွင့်တဲ့…
Read Moreချင်းပြည်နယ် မင်းတပ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၇၄ တပ်ရင်းအတွင်းမှာ စခန်းချရပ်နားထားတဲ့ စစ်အုပ်စုရဲ့ ကားအစီး ၆၀ကျော်နဲ့ သံချပ်ကာ ကား၂စီးပါဝင်တဲ့ ယာဉ်တန်းဟာ မင်းတပ်မြို့ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၁၀နာရီခန့်မှာ မင်းတပ်မြို့ကနေ စတင်ထွက်ခွာပြီး ယောနယ်ကို ဖြတ်သန်းပြီးနောက် ပခုက္ကူမြို့ဘက်ကို ဖြတ်သန်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီယာဉ်တန်းဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ပခုက္ကူမြို့ကနေ မတူပီမြို့ကို ရိက္ခာနဲ့…
Read Moreချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း နှစ်ကြိမ်တိုင် မိုင်းထိပြီး သေဆုံးသူတွေ များပြားနိုင်တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ၉ရက်နေ့မှာလည်း မင်းတပ်-မတူပီလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပြီး မိုင်တိုင် ၂၅မှာ မနက် ၁၁နာရီကနေ မွန်းလွဲ ၁နာရီအထိ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကာ CDF-MINDATဘက်က မောင်းပြန်သေနတ်တွေ၊ RPGတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၁၀ဦးသေဆုံးသွားပြီး မိုင်းကွင်းထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုက အင်အား ၂၀ခန့်ကိုလည်း…
Read Moreချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ CDF-MINDAT တို့ တိုက်ပွဲပြင်းထန်နေပြီး ရာသီဥတုကလည်း ဆိုးဝါးနေတယ်လို့ CDF-MINDAT က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းမှစတင်ကာ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး ရာသီဥတုအခြေအနေနဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲသတင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ မေလ ၇ ရက်နေ့ မနက်၉နာရီလောက်မှာလည်း CDF-MINDAT အရန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်…
Read Moreချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်ကြောင်း Chin Defence Force-Mindat (CDF-Mindat) က သတိပေးလိုက်ပါတယ်။ ဒီနေ့မှာ အကြမ်းဖက်စစ်သားရှေ့ပွိုင့်အင်အား ၇၀ လောက်ဟာ မင်းတပ်-မတူပီလမ်း ၂၃ မိုင်ကို ရောက်ရှိနေပြီဖြစ်ပြီး နောက်ယာဉ်တန်းဟာ ၂၁ မိုင်နဲ့ ၂၂ မိုင်လောက်ကို ရောက်နေပြီလို့ CDF-Mindat က ထုတ်ပြန်ပါတယ်။ မနေ့က အကြမ်းဖက် စစ်သားအင်အား ၃၀၀ လောက်ဟာ ၁၇ မိုင် ၀န်းကျင်မှာ…
Read MoreCDM ဝန်ထမ်းတွေရဲ့လစာကို အလွဲသုံးစားပြုလုပ်နေတဲ့ချင်းပြည်နယ်၊ မင်းတပ်မြို့က ပညာရေးဝန်ထမ်း ၃ ဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းကျောင်းအုပ်ဦး ကာဟုန်းလိန်း၊မင်းတပ်ပညာရေးမှူးရုံး ဒုဦးစီးမှူး ဦးလိန်းကီးအွမ်နဲ့ မူလတန်းပြ ဒေါ်ထန်းအွမ်မံတို့ဟာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး မင်းတပ်မြို့နယ်က ပညာရေး CDM ဝန်ထမ်းတွေကို Non-CDM ဖြစ်ကြောင်း ကတိဝန်ခံချက်မှာ လက်မှတ်ရေးထိုးပြီးအသနားခံစာတင်ပြပါက လစာထုတ်ယူရေး ဆောင်ရွက် ပေးမယ်လို့ စည်းရုံးခြင်း၊ CDMဝန်ထမ်းတွေရဲ့…
Read Moreချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရက်၊ ဘီယာရောင်းဝယ်ဖောက်ကားမှု လုံးဝမပြုလုပ်ဖို့ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF-Mindat) က ထုတ်ပြန်လိုက်ပါတယ်။ CDF-Mindat ရဲ့ စတုတ္ထအကြိမ် ဗဟိုကာကွယ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပိတ်ပင်လိုက် ခြင်းဖြစ်ပြီး အရက်ဘီယာ ရောင်းဝယ်ဖောက်ကားသူကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယမန်နေ့ညက CDF-Mindat ရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ပါတယ်။ အရက်၊ ဘီယာ ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်မှု မပြုမီအချိန်ထိ အခုတားမြစ်ချက်ဟာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
Read More၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းတလျှောက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-MINDATတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စု သံချပ်ကာကားမှ စက်သေနတ်ပစ်သူအပါအဝင် ၁၀ဦးကျော် သေဆုံးခဲ့တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မွန်းလွဲ ၁နာရီခန့်မှာ စစ်အုပ်စုဟာ မင်းတပ်-မတူပီလမ်းတလျှောက် သံချပ်ကာကား ၂စီးကို စစ်ကြောင်းထိပ်မှာ ထားရှိကာ စစ်ကား၂စီးစီ ယှဉ်မောင်းပြီး စစ်ကြောင်းထိုးလာခဲ့တာကို CDF-MINDATက ၁၉မိုင်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြောက်ကျားတိုက်ပွဲအတွင်းမှာ…
Read More