ပြည်သူ့စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံဖို့ မင်းတပ် ပ.အ.ဖ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စု စာသင်ကျောင်းတွေမှာ မတက်ဘဲ မင်းတပ်အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော ပြည်သူ့စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံဖို့ မနေ့က မေလ ၂၅ ရက်နေ့မှာ မင်းတပ် ပ.အ.ဖ က စာထုတ် ပြန်လိုက်တာပါ။
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အဆိုပါကျောင်းတွေမှာ ကျောင်းမအပ်ဘဲ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဖွင့်လှစ်ထားတဲ့ ကျေးလက်ဒေသ ပြည်သူ့စာသင်ကျောင်းတွေမှာပဲ ကျောင်းအပ်နှံကြဖို့ ထုတ်ပြန်ခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုဖွင့်တဲ့ ကျောင်းတွေမှာတက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက်လည်း လုံခြုံရေး အန္တရာယ် ရှိနိုင်သလို စစ်အုပ်စု စာသင်ကျောင်းတွေမှာ Non CDM ပညာရေးဝန်ထမ်းတွေနဲ့ စစ်ကောင်စီပညာရေး လည်ပတ်နိုင်ဖို့ ပါဝင်ကူညီသူတွေကို ပြည်သူ့သစ္စာဖောက်တွေလို့ သတ်မှတ်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ မင်းတပ် ပ.အ.ဖ က ထုတ်ပြန်ထားပါတယ်။