ဘားအံမြို့ မိကရင်ရွာက နေအိမ်တအိမ်ကို BGF က ပစ်ခတ်လို့ကလေးတဦးအပါအဝင် လေးဦးသေဆုံး

ဘားအံမြို့ မိကရင်ရွာက နေအိမ်တအိမ်ကို BGF က ပစ်ခတ်လို့ကလေးတဦးအပါအဝင် လေးဦးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိကရင်ရွာက နေအိမ်တအိမ်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က နိုဝင်ဘာ (၁၇) ရက် မနေ့က ညနေငါးနာရီဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ပစ်ခတ်သွားတာကြောင့် ၇ နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ အဲ့ဒီရွာခံတဦးက DNA ကိုပြောပါတယ်။ “သတင်းအမှားရပြီး လာပစ်တယ်လို့ ထင်တာပဲ၊ ပစ်ခံရတဲ့အိမ်ကရွာထိပ်က လယ်ထဲမှာ ၊အိမ်ကတလုံးထဲ၊ တမိသားစုလုံးထိတာ၊ အိမ်က ကားကူးတဲ့လှေဆိပ်နဲ့နီးတယ်၊ အင်အားက နှစ်ဆယ်လောက်ရှိတယ်၊ ကားနှစ်စီးနဲ့လာတာ ” လို့…

Read More
ဘားအံ-ရန်ကုန်လမ်းပေါ်မှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဘားအံ-ရန်ကုန်လမ်းပေါ်မှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဘားအံမြို့အဝင်ဘက်က သံလွင်တံ တားအနီး ဘားအံ-ရန်ကုန် လမ်းမပေါ်မှာ ဒီကနေ့မ နက်ပိုင်းကစစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးနားကျေးရွာတွေမှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ စစ်ယာဥ်တန်းဟာ ဘားအံမြို့ မြိုင်ကလေး ကျေးရွာနဲ့ ညောင်ပင်သာရွာတွေအနီးမှာ ဒီကနေ့ မနက်ရှ စ်နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကားတစီးပျက်စီးသလို စစ်သားတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ “ ပထမတော့ ဗုံးပေါက်တဲ့အသံကြားရတာ၊ တော်တော်ကျယ်တယ်၊ နောက်တော့သေနတ်တွေနဲ့ ပစ် နေကြတယ်၊…

Read More
ဘားအံမှာ စစ်တပ်စခန်းနား ညအချိန် ဒရုန်းပျံဝဲနေလို့ ပစ်ခတ်သံတွေဆူညံခဲ့

ဘားအံမှာ စစ်တပ်စခန်းနား ညအချိန် ဒရုန်းပျံဝဲနေလို့ ပစ်ခတ်သံတွေဆူညံခဲ့

ကရင်ပြည်နယ် ဘားအံမြို့မှာ စက်တင်ဘာ (၁၃) ရက် မနေ့ကညပိုင်းမှာ မြို့ပေါ်ဒရုန်းပျံဝဲနေတာတွေ့လို့ စစ်တပ်က ပစ်ချဖို့ကြိုးစားခဲ့ပြီး သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်သံတွေဆူညံနေခဲ့တယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။ “ကြာအင်းတောင်ခြေနားကနေ နှစ်ချက်စပစ်တာ၊ လမ်းထိပ်မှာလည်း လာပစ်သွားတယ်၊ ပစ်တာက အချက်နှစ်ဆယ်ကျော်တယ်၊အိမ်ထဲမှာဘဲနေနေရတယ်၊ လူတွေကို ထိမှာကြောက်လို့ အပြင်ကို မထွက်ရဲဘူး” လို့ ဘားအံ၊ ရတနာဒီပမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ရတနာဒီပနားမှာ မနေ့ကည ၈ နာရီကျော်လောက်မှာ ဒရုန်းတစ်စင်းပျံဝဲနေတာတွေ့လို့…

Read More
ဘားအံမြို့မှာ ဗုံးပေါက်ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရ

ဘားအံမြို့မှာ ဗုံးပေါက်ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး အသေးစားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက DNA ကိုပြောပါတယ်။ ဘားအံမြို့၊ လှာကမြင်ရပ်ကွက်မှာရှိတဲ့ တော်ဝင်သုခဆေးခန်းရှေ့မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ခဲ့သူဟာ အရပ်သားဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘဲ အသေးစားဒဏ်ရာရတာဖြစ်တယ်လို့ သိရပါတယ်။ “မနက်အစောကြီးပေါက်တာဘဲ၊ ပေါက်ပြီးခဏကြာတော့ဆိုင်ကို (စစ်တပ်က) လာမေးတယ်၊ ဆိုင်ရှေ့မှာ ပေါက်တာလားဆိုပြီး၊ ဂျာကြီးကမဟုတ်တဲ့အကြောင်း ပြောလိုက်တယ်၊ ဧည့်စာရင်းတိုင်ဖို့ လည်း ပြောသွားတယ် ” လို့…

Read More
ဘားအံမြို့တဝိုက် စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ပြီး လုယက်မှုကျူးလွန်တာတွေရှိနေ

ဘားအံမြို့တဝိုက် စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ပြီး လုယက်မှုကျူးလွန်တာတွေရှိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ တဝိုက် လုယက်မှုတွေမကြာခဏဖြစ်နေပြီး စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ထားသူတွေက လုယက်မှုကျူးလွန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။ ဘားအံမြို့ ပြင် နောင်လုံတောင်ကြားမှာ စက်တင်ဘာ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ မူးယစ်ရဲတပ်ဖွဲ့ ဝတ်စုံနဲ့ လူလေးယောက်က ပြည်သူနှစ်ဦးဆီက ကား၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ လုယက်ခဲ့တယ်လို့ သိရပါတယ်။ “လူကိုလဲ ဆွဲလားရမ်းလာနဲ့ ကားထဲဆွဲခေါ်ဖို့ လုပ်ပါတယ်၊ မူးယစ်ဆေးဖမ်းတဲ့ဝတ်စုံလိုလို ဘာဝတ်စုံလိုလို ဝတ်စုံနဲ့လုပ်စားကြတယ်၊…

Read More
ဘားအံမြို့မှာ လုယက်မှုနဲ့ ခိုးမှုတွေများလာလို့ ဒေသခံတွေထိတ်လန့်နေ

ဘားအံမြို့မှာ လုယက်မှုနဲ့ ခိုးမှုတွေများလာလို့ ဒေသခံတွေထိတ်လန့်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းမှာ လုယက်မှုနဲ့ ခိုးမှုတွေများလာတာကြောင့် စိုးရိမ်ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “အခုလိုလုယက်တာတွေ ဘာတွေရှိနေတော့ တို့ဆေးမိမှာတွေ အလုခံရမှာတွေကြောက်နေရတယ်၊ အပြင်မှာကို တစ်ယောက်ထဲထွက်ရမှာတောင်ကြောက်နေရတယ်”လို့ ဘားအံမြို့မှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းက တခြားဒေသတွေလိုပဲ ဘားအံမြို့မှာလည်း လုယက်မှုနဲ့ ခိုးမှုတွေ အရင်ကထက်ပိုများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။အခုရက်ပိုင်းအတွင်းမှာပဲ ဘားအံမြို့ပေါ်မှာ ခိုးမှုနဲ့ လုယက်မှု သုံးခုထက်မနည်းဖြစ်ခဲ့ပါတယ်။ ဘားအံမြို့ ညဈေးမှာ ဈေးလာဝယ်သူရဲ့ ပိုက်ဆံအိတ်ကို ဓားနဲ့ခွဲပြီး…

Read More