ဘားအံ-ရန်ကုန်လမ်းပေါ်မှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဘားအံမြို့အဝင်ဘက်က သံလွင်တံ တားအနီး ဘားအံ-ရန်ကုန် လမ်းမပေါ်မှာ ဒီကနေ့မ နက်ပိုင်းကစစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးနားကျေးရွာတွေမှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

စစ်ယာဥ်တန်းဟာ ဘားအံမြို့ မြိုင်ကလေး ကျေးရွာနဲ့ ညောင်ပင်သာရွာတွေအနီးမှာ ဒီကနေ့ မနက်ရှ စ်နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကားတစီးပျက်စီးသလို စစ်သားတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

“ ပထမတော့ ဗုံးပေါက်တဲ့အသံကြားရတာ၊ တော်တော်ကျယ်တယ်၊ နောက်တော့သေနတ်တွေနဲ့ ပစ် နေကြတယ်၊ အသံကြားတော့ ရွာကျောင်းကလေးတွေကို ပြန်ကြိုကြရတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မြိုင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးထဲ ဝင်ရောက်တပ်စွဲထားပြီး အနီးဝန်းကျင်က ညောင်ပင်သာ၊ ရွာလေး၊ ကျွန်းတော် ကုန်း၊ ရွာကြီး၊ ရေကျော်၊ ကျောင်းထက်၊ ကျောင်းအောက် စတဲ့ကျေးရွာလမ်းတွေကို ပိတ်ဆို့စစ်ဆေးနေကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့စစ်ယာဉ်တန်းဟာ ကရင်ပြည်နယ်​ နေ့ပွဲတော်မှာ လုံခြုံရေးတာဝန်ယူပြီး ပြန်လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ နိုဝင်ဘာ (၇)ရက်ကစပြီးစစ်​ကောင် စီကစီစဉ်တဲ့ ကရင်ပြည်နယ်နေ့ပွဲတော် ကျင်းပ နေ တာကြောင့် မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်လုံခြုံရေးတွေ ချထားတယ်လို့သိရပါတယ်။