ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုသမီးတစ်ဦးထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဖြစ်တဲ့ ခမရ ၂၂၅တပ်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးများပြီး မြေပြိုမှုကြောင့် ကလေး – ဟားခါး ကားလမ်းခရီးစဥ်တွေ ရပ်ဆိုင်း

ချင်းပြည်နယ်၊ ကလေးမြို့မှာ ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းစွာသွန်းမှုကြောင့် ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းပြေးဆွဲနေတဲ့ ကားလမ်းခရီးစဥ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ဖလမ်းကိုသွားလို့မရဘူး။ ကျနော်တို့ တီးတိန်က ကားတွေဒီမနက်မြို့ထဲကို ပြန်လှည့်လာကြတယ်” လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။ လမ်းမြေပြိုကျတဲ့နေရာဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းရဲ့ ရက်​ပေါင်း ၅၂၀ မြောက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်း​ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရက်ပေါင်း ၅၂၀ မြောက်အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သပိတ်မှောက်ဆန္ဒပြမှုကို မြို့တွင်းတစ်နေရာမှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ “၅၂၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းကို မြို့တွင်းတစ်နေရာမှာ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တာပါ။သပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်နေရာကိုသိရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF တွေကို live လွင့်ပြီး စိန်ခေါ်ခဲ့ဖူးတဲ့ လင်ဖြစ်သူနဲ့ဇနီး လဘ္ဘက်ရည်ဆိုင်မှာ ပစ်သတ်ခံရ

ဇူလိုင် ၁၁ ရက်နေ့ ဒီနေ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ကလေးမြို့၊ ပင်လုံလမ်းမတော်ဘေးက ရနံ့သစ်လဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို လက်နက်ကိုင်တချို့ သေနတ်နဲ့ လာပစ်သွားတဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကလေးမြို့သူတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အဆုံးထိတော်လှန် ၅/တို့အားမာန်” စာတန်းကိုင်ဆောင်ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်ဟာ ဇူလိုင်လ ၈ရက်နေ့က “အဆုံးထိတော်လှန် ၅/တို့ အားမာန်” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ချီတက်ဆန္ဒပြနေတာ ၅၁၆ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ Photo – CJ

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ စစ်ဆေးနေတဲ့ စစ်တပ်မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့အနောက်ပိုင်း၊တောင်ဖီလာရပ်ကွက်မှာစစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “နှစ်ယောက်တော့ ချက်ချင်းသေတာ။ ဒဏ်ရာရတဲ့သူများတယ်။ ကားပေါ် ကို ၆ယောက်၊ ၇ ယောက်လောက်ပစ်တင်သွားတယ်” လို့ တောင်ဖီလာရပ်ကွက်သားတစ်ဦးက DNA ကို ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီကနေဇူလိုင် ၇ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာ “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” လှုပ်ရှားမှုပြုလုပ်

ကလေးမြို့မှာ ဆဲဗင်းဂျူလိုင်နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် မနေ့ကဇူလိုင်လ ၆ ရက်နေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ ပင်မသပိတ်အင်အားစုမှ ဦးဆောင်ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်အုပ်စုတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကားကို ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေး – လက်ပန်ချောင်း လမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Skirt ကားကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ပုံကို ခြေထောက်နဲ့နင်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်အဖွဲ့က ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့ မီးပွိုင့်လမ်းဆုံအပါအဝင် ရပ်ကွက်ထဲက လမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကပ်ပြီး ခြေထောက်နဲ့ နင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ရဲစခန်းမှူးတစ်ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တာဟန်းရပ်ကွက်မှာ ဒီကနေ့နေ့လည် ၂နာရီဝန်းကျင်က ရဲစခန်းမှူးတစ်ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ DNA ကိုပြောပါတယ်။ ကလေးမြို့၊ တာဟန်းရပ်ကွက်၊မူးယစ်ရဲစခန်းက စခန်းမှူးဟာ တာဟန်းရပ်ကွက် ၊ နေကြာတိုက်လမ်းကြားအနီးမှာ ဆိုင်ကယ်ဓာတ်ဆီထည့်နေတုန်း ပစ်သတ်ခံရတာလို့ သိရပါတယ်။ ” နေကြာတိုက်လမ်းအတိုင်း ပထမလမ်းချိုး အနောက်နားလေးမှာပစ်သွားတာ။ [ဆက်လက်ဖတ်ရှုရန်]