ကလေးမြို့မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ကလေးမြို့မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

မေ၊ ၂၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မေလ ၂၇ ရက် မနေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာဝတီကျေးရွာမှာ နေအိမ်တွင်းရေချိုးနေတဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး အရပ်သားခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   ” အဖွားကတော့ ရေချိုးနေတာ၊ ကလေးက အိမ်ရှေ့လမ်းပေါ်လေးမှာ ဆော့နေတာပေါ့၊ ကလေးလေးက မနေ့ကပဲ ပေါင်ရင်းက ဖြတ်ချလိုက်ရတယ် ၊အဖွားကတော့ ပွဲချင်းပြီးပဲ ဆုံးပါတယ် ”…

Read More
ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများတယ်လို့ဆို

ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများတယ်လို့ဆို

မေ၊ ၂၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၂၇ ရက် မနေ့ကမနက်ပိုင်းမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုများပြားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။   ” သူတို့က မိုင်းကွင်းထဲကို ဝင်လာတာမှာ မိုင်းဆွဲတာ။ မိုင်းဆွဲလိုက်တာမှာ ဆယ့်ရှစ်ယောက်လောက်လဲကျသွားတာ။ ဒါက မိုင်းဆွဲတဲ့ ရဲဘော်ကိုယ်တိုင်မြင်တာ ” လို့ တော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။   အင်အား (၈၀) ဝန်းကျင်ပါ…

Read More
ကလေးမြို့မှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ကလေးမြို့မှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

မေ၊ ၂၄   စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စစ်ကောင်စီတပ်ခလရ (၂၂၈)တပ်ရင်းက ကလေးမြို့နယ်တောင်ပိုင်းကို ဒီကနေ့ မေ ၂၄ ရက်မနက်ကိုးနာရီခန့်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဆယ်ကျော်သက်အရွယ်မိန်းကလေးနှစ်ဦး အပါအဝင်သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” လက်နက်ကျည်က အပေါ်မှာ ပေါက်ကွဲခဲ့တာ။ စက်ရုံနားမှာ ကလေးတွေကလည်း ဆော့နေကြတာ။ မိန်းကလေးနှစ်ယောက်နဲ့ အမျိုးသားတယောက်မှန်တယ်။ အိမ်တွေကိုလည်း ကျည်စတွေစင်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။   ဒဏ်ရာရရှိသူသုံးဦးကို…

Read More
ကလေးမြို့မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှလုံးရောဂါသည်တဦးသေဆုံး

ကလေးမြို့မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှလုံးရောဂါသည်တဦးသေဆုံး

ဧပြီ၊ ၁၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ မနေ့ကညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ဆေးရုံမှာကုသမှုခံယူနေတဲ့ နှလုံးရောဂါသည်တဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။   ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တာဟန်းရပ်ကွက်ဘက်မှာ ဧပြီ ၁၈ ရက်ည ၈ နာရီခွဲကနေ ၁၀ နာရီဝန်းကျင်အထိ တနာရီခွဲလောက်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။   နှစ်ဘက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ပစ်ခတ်မှုဖြစ်တဲ့နေရာအနီး ဝယ်စလီဆေးရုံမှာ နှလုံးရောဂါနဲ့ တက်ရောက်ကုသမှုခံယူနေတဲ့…

Read More
ကလေးမြို့မှာတော်လှန်သင်္ကြန်ပြောက်ကျားသပိတ်လုပ်နေသူလေးဦးဖမ်းဆီးခံရ

ကလေးမြို့မှာတော်လှန်သင်္ကြန်ပြောက်ကျားသပိတ်လုပ်နေသူလေးဦးဖမ်းဆီးခံရ

ဧပြီ၊​ ၁၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ အတက်နေ့မှာ တော်လှန်သင်္ကြန်ပြောက်ကျားသပိတ်ပြုလုပ်နေတဲ့ သပိတ်အဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။   ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တံတားဦးမှာ ဧပြီ ၁၆ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ပြောက်ကျားသပိတ်လုပ်နေတဲ့ သပိတ်အဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။   ” သပိတ်လုပ်နေတုန်းကို ကားနဲ့ထွက်လာပြီး…

Read More
ကလေးမှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်၊ အရပ်သား ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ကလေးမှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်၊ အရပ်သား ဆယ်ဦးဝန်းကျင်ဖမ်းဆီးခံရ

ဧပြီ၊ ၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ ဧပြီ ၉ ရက်ဒီကမနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အရပ်သားဆယ်ဦးဝန်းကျင်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” မနက်က တိုက်ကြတာ။ လယ်တောထဲကလူတွေတောင် နီးစပ်ရာ ပြေးပုန်းနေရတယ်။ (အဖမ်းခံရတာ) ရွာက လူငယ်တွေအပါအဝင် ဆယ်ဦးဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့လည်း ပြေးနေရတာဆိုတော့ အတိအကျမသိနိုင်ဘူး ” လို့ ကလေးမြောက်ပိုင်းဒေသခံတဦးက…

Read More
ကလေးမြို့နယ်မြောက်ပိုင်းမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းလက်နက်ကြီး တွေနဲ့တိုက်ခိုက်

ကလေးမြို့နယ်မြောက်ပိုင်းမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းလက်နက်ကြီး တွေနဲ့တိုက်ခိုက်

  ဧပြီ၊ ၅ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ မတ်လ ၃၀ ရက်ကစလို့ ဒီကနေ့ ဧပြီ ၅ ရက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီ ကသိ ရပါတယ်။  “ဒီနေ့မနက်လည်းတိုက်ပွဲဖြစ်နေတာပဲ၊သူတို့စစ်ကြောင်းစထိုးတဲ့နေ့ကစပြီး ဧပြီလ ၁ ရက်နေ့ကလွဲလို့ နေ့တိုင်း တိုက်ပွဲဖြစ်နေတာ။ ပျဥ်းတောဦးနားမှာဖြစ်တဲ့တိုက်ပွဲကသူတို့တော်တော်သေတယ်” လို့ ကလေးမြို့နယ် မြောက် ပိုင်းဒေသခံတဦးကပြောပါတယ်။  ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ကလေးမြောက်ပိုင်းအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကတော့ တဘက် နဲ့တဘက် အထိနာတယ်လို့…

Read More
ကလေးမြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေ အရေး ပေါ် လိုအပ်နေ

ကလေးမြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေ အရေး ပေါ် လိုအပ်နေ

ဧပြီ၊ ၃ စစ်ကောင်စီကစစ်ကြောင်းထိုးနေတာအပြင်၊ လေကြောင်းကနေပစ်ခတ်တာ၊ကလေးမြို့ပေါ်ကနေ လက်နက်ကြီး တွေ နဲ့ပစ်ခတ်နေတာတွေကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူသောင်းချီစစ်ဘေးရှောင်နေကြရပြီး အဲဒီ အထဲက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ် ရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ “ရှိတဲ့သူတွေကတော့ ပြေးရင်အဆင်သင့်ဖြစ်အောင် ကြိုတင်စီမံထားကြတာမျိုးရှိတယ်၊ မရှိတဲ့သူတွေကျတော့ အ ကူအညီတောင်းဖို့ ဖုန်းဘေလ်ကစမရှိတာမျိုးဗျ၊ သူတို့အဖို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ပဲအားကိုးစရာရှိတာ” လို့ ကလေးမြို့နယ်မြောက်ပိုင်းစစ်ရှောင်တဦးကပြောပါတယ်။ စစ်ဘေးရှောင်ငါးထောင်ဝန်းကျင်ဟာ အမိုးအကာမရှိတောထဲကသစ်ပင်အောက်တွေမှာနေထိုင်ကြရပြီး အစားအ သောက်အတွက် လောလောဆယ် နီးစပ်ရာကယူပြီးကျွေးမွေးနေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ကိုဂျပန်ကြီးကပြောပါတယ်။…

Read More
ကလေးမြို့မြောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံငါးသောင်းဝန်းကျင်စစ်ရှောင်နေရ

ကလေးမြို့မြောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံငါးသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၂ ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီတပ်တွေ ကုန်းကြောင်းကနေစစ်ကြောင်းထိုးပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါလုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံ ငါးသောင်းဝန်းကျင်ရှိလာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကြောင်းစထိုးတဲ့ မတ်လ ၃၁ ရက်မှာတော့ ကလေးမြို့မြောက်ပိုင်းက မောက်လင်း၊ လက်ပံချောင်းက ဒေသခံတွေစစ်ဘေးရှောင်ရသလို မတ်လ ၃၁ ရက်မှာတော့ ပျဉ်တောင်ဦးကျေးရွာကဒေသခံတွေထပ်ပြီးထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့ ဧပြီလ ၂ ရက်မှာဆိုရင်လည်း ကလေးမြို့နယ်မြောက်ပိုင်းက ညောင်ကုန်းရွာနဲ့မင်းလှရွာကြားကို စစ်ကောင်စီက လေကြောင်းကနေထပ်မံပစ်ခတ်ခဲ့တာကြောင့်အိမ်စောင့်ကျန်ခဲ့တဲ့ ရွာသားတွေပါထပ်မံစစ်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။…

Read More
ကလေးမြို့မှာ စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို စစ်ကောင်စီကဖမ်းဆီး

ကလေးမြို့မှာ စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို စစ်ကောင်စီကဖမ်းဆီး

ဧပြီ၊ ၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ရှောင်လူငယ်သုံးဦးအပါအဝင် လူငယ်ခြောက်ဦးကို မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၁ ရက်နေ့တွေမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။   ” အဓိကကတော့ ဖုန်းပဲ။ ဖုန်းထဲမှာ သေနတ်ပုံတွေ့လို့ ဖမ်းတာလို့ ပြောကြတယ်။ သူတို့က လူငယ်တိုင်းကို သံသယဖြစ်နေတာဗျ။ ကလေးတွေကို PDF ဆိုပြီး စွပ်စွဲချင်နေတာ။ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ။ PDF ဆို…

Read More