LGBT တွေအပေါ် အမြင်နဲ့ ပတ်သက်ပြီးတော့ ပုပ်ရဟန်းမင်းကြီးအသစ်ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ရှေးရိုးစွဲ ကာဒီနယ်တွေအပါအဝင် တချို့အဖွဲ့တွေကတော့ အရင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထက် ထောက်ခံမှု နည်းနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။
၉၊မေလ။
သူ့နာမည်ကို စိန့်ပီတာဘက်စ်လီကာ လသာဆောင်ကနေ မကြေညာရသေးချိန်မှာ အောက်က လူအုပ်ကြီးက “ပုပ်ရဟန်းမင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရောဘတ်ဖရန့်စစ် ပရက်ဗော့စ်ဟာ ၂၆၇ ယောက်မြောက် လီယို ၁၄ လို့ လူသိများတဲ့ ဗာတီကန်ရဲ့ ပုပ်ရဟန်းမင်းကြီး အသစ်ဖြစ်လာပါပြီ။
သူဟာ ပီရူးနိုင်ငံမှာ နှစ်ပေါင်းများစွာ သာသနာပြုအဖြစ် နေထိုင်ခဲ့တာကြောင့် လက်တင်အမေရိကရဲ့ ကာဒီနယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ သူဟာ ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံရတဲ့ ပထမဆုံး အမေရိကန်လည်း ဖြစ်ပါတယ်။ ရောဘတ်ဖရန့်စစ် ပရက်ဗော့စ်ကို ၁၉၅၅ ခုနှစ်၊ ချီကာဂိုမှာ မွေးဖွားခဲ့ပြီး မိဘတွေကတော့ ပိန်နဲ့ ပြင်သစ်-အီတလီနွယ်ဖွားတွေပါ။
သူဟာ ဘာသာရေးအခမ်းအနားတွေမှာဘုန်းတော်ကြီးရဲ့အကူအဖြစ်ဆောင်ရွက်ရသူအဖြစ် ၁၉၈၂ မှာ ခန့်အပ်ခံခဲ့ရပါတယ်သူသုံးနှစ်ကြာပြီးနောက် ပီရူးနိုင်ငံကို ရွှေ့ပြောင်းရွှေ့ခဲ့ပေမဲ့ သူ့ရဲ့ ဇာတိမြို့ကို သာသနာပြုဖို့ ပုံမှန်ပြန်လာလေ့ရှိခဲ့ပါတယ်။သူဟာ ပီရူးလူမျိုးလည်း ဖြစ်ပြီး ဖယ်ကျဉ်ခံ လူ့အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းလုပ်ဆောက်ခဲ့သူ ၊ ပေါင်းကူးတံတားအဖြစ် ကူညီပေးခဲ့သူအဖြစ် အမှတ်တရရှိကြပါတယ်။
သူဟာ ပီရူးအနောက်မြောက်ပိုင်းက ထရူရီလိုမှာရှိတဲ့ဒေသန္တရဘုရားကျောင်းတခုရဲ့တရားဟောဆရာနဲ့ ကျမ်းစာသင်ကျောင်းတခုမှာဆရာအဖြစ်ဆယ်နှစ်လုပ်ကိုင်ခဲ့ပါတယ်။
သူဟာ ရှေ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးကိုလည်း အလွန်လေးစားသူဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းအဖြစ် သူ့ရဲ့ ပထမဆုံး လူထုကို ပြောကြားတဲ့စကားမှာလည်း “စည်းစည်းလုံးလုံး၊ ဘုရားသခင်နဲ့ လက်တွဲပြီး အတူတူ ချီတက်ကြပါစို့”လို့ သူ့ကို အားပေးနေတဲ့ လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။
သူဟာ လက်တင်အမေရိကမှာရှိတဲ့ ဘုန်းတော်ကြီးရွေးချယ်ရေးအဖွဲ့နဲ့ စောင့်ကြပ်ရေး ဌာန Dicastery for Bishops မှာလည်း အကြီးအကဲအဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့တာကြောင့် ကာဒီနယ်တွေကြားမှာ ထင်ရှားကျော်ကြားပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်အစမှာပဲ Archbishop ဖြစ်လာပြီး လအနည်းငယ်အကြာမှာ အရင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က သူ့ကို ကာဒီနယ်အဖြစ် တင်မြှောက်ခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ယုံကြည်မှု၊ အတွေ့အကြုံနဲ့ သာသနာရေးရာတာဝန်တွေကို ဆောင်ရွက်နိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ကမ္ဘာအရပ်ရပ်က စောင့်ကြည့်နေသူတွေကတော့ ပုပ်ရဟန်းမင်းကြီးအသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မလား၊ ဒါမှမဟုတ် အရင် ပုပ်ရဟန်းမင်းကြီးချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ယုံကြည်ချက်အတိုင်းပဲ ဆက်သွားမလားဆိုတဲ့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။
ဒုက္ခသည်တွေ၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ကိစ္စတွေမှာတော့ အရင်က ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နဲ့ ထပ်တူကျတဲ့ အမြင်တွေတော့ ရှိတယ်လို့ ဆိုပါတယ်။
LGBT တွေအပေါ် အမြင်နဲ့ ပတ်သက်ပြီးတော့ ပုပ်ရဟန်းမင်းကြီးအသစ်ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ရှေးရိုးစွဲ ကာဒီနယ်တွေအပါအဝင် တချို့အဖွဲ့တွေကတော့ အရင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထက် ထောက်ခံမှု နည်းနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။
သူရဲ့ မိတ်ဆွေဟောင်းတွေကတော့ ရောဘတ်ဖရန့်စစ် ပရက်ဗော့စ်ဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ ကြိုက်နှစ်သက်သူ၊ မြေပြင်အထိ နီးကပ်စွာ ဆောင်ရွက် နားလည်နိုင်သူ၊ ဆင်းရဲချို့တဲ့သူတွေအပေါ် နားလည်တတ်ပြီး စိတ်ဝင်စားသူ ဖြစ်တယ်လို့ ပြောကြပါတယ်။
မိသားစုနောက်ခံအနေနဲ့ကလည်း သူ့ကို အမေရိကန်မှာ မွေးဖွားခဲ့ပေမဲ့ မိဘဆွေမျိုးသားချင်းနဲ့ မိတ်ဆွေတွေကလည်း ရွှေ့ပြောင်းဒုက္ခသည်တွေအများစုဖြစ်တာကြောင့် အခုလို နားလည်နိုင်တာလို့လည်း ဆိုပါတယ်။
“ကျွန်တော်ဟာ အမေရိကန်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဘိုးအဘွားတွေ အားလုံးက ရွှေ့ပြောင်းနေထိုင်သူတွေ၊ ပြင်သစ်၊ စပိန်တွေပါပဲ။ ကျွန်တော်ဟာ ကက်သလစ်မိသားစုမှာ ကြီးပြင်းလာခဲ့ပြီး မိဘနှစ်ပါးစလုံးက သာသနာ့ဘောင်မှာပါ ဆက်နွယ် ပါဝင်ပတ်သက်ခဲ့ကြပါတယ်”လို့ ရောဘတ်ဖရန့်စစ် ပရက်ဗော့စ်က အသိပေးထားပါတယ်။