နိုင်ငံတကာရေးရာ

နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး ကြိုးပမ်းကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ကမ္ဘာကြီးဟာ ရှုပ်ထွေးတဲ့ပုံစံနဲ့ ပြောင်းလဲတိုးတက်နေတာကြောင့် နိုင်ငံတကာဥပဒေတွေကို ကာကွယ်ရေး  ကြိုးပမ်းဆောင်ရွက်ကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဇူလိုင်လ ၆ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရုပ်အလောင်းပြန်မရလို့ နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုဖြစ်

မြန်မာ-အိန္ဒိယနယ်စပ်က တမူးမြို့မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းကို အကြမ်းဖက် စစ်အုပ်စုက ပြန်မပေးတာကြောင့် နှစ်နိုင်ငံတင်းမာမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “အလောင်းတွေက ခေါင်းကိုတေ့ပစ်ထားတာဆိုတော့ ရုပ်ကပျက်နေတာ။ အဲဒါကြောင့် မြန်မာဘက်က ပြန်မပေးချင်တာဖြစ်မယ်။ ပြန်ပေးလိုက်ရင် အလောင်းကိုမြင်ကြရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တရက်တည်း လူသုံးဦး သေနတ်နဲ့အပစ်ခံရ၊ နှစ်ဦးသေ၊ တဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဟာ မနေ့က ညနေ ၅ ခန့်မှာ သူရဲ့ ကားပေါ်တက်ချိန် သေနတ်နဲ့ အပစ်ခံရတဲ့အတွက် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၈၄ ကားဂိတ်၊ ငွေတောင်ကြီးလဘ္ဘက်ရည်ဆိုင်ကထပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံ၊ လွယ်ပတာကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုဝင် ၄၀ ကျော်သေဆုံးပြီး PDF ပူးပေါင်း အဖွဲ့ဘက်က ၁၁ ဦးကျဆုံး

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံနဲ့လွယ်ပတာကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ရဲ့လွယ်ပသာ ကုန်းစခန်းနဲ့ ရွှေပြည်အေးအနီးရှိ ကုန်းစခန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၄၀ ကျော်သေဆုံးပြီး PDF ပူးပေါင်းအဖွဲ့ဘက်က ၁၁ ဦးကျဆုံးခဲ့တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးဌာနက ဒီကနေ့ ဇူလိုင် ၆ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် အိန္ဒိယလူငယ်အဖွဲ့က မြန်မာ က.ည.န ရုံးကို ဝင်ရောက်မီးရှို့

တမူးမြို့၊ စော်ဘွားရပ်ကွက် အ.ထ.က ကျောင်းအနီးမှာဇွန်လ ၅ ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင်က အိန္ဒိယနိုင်ငံသား တလ်မီလူမျိုးနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အခုလိုသတ်ဖြတ်ခံရတာဟာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်ပြီး ငွေပေးငွေယူကိစ္စတွေကြောင့် သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပိတ်ဆို့စစ်ဆေး

ဒီနေ့မနက် ၁၀ နာရီက စပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ၄၁ မိုင်စစ်ဆေးရေးဂိတ်ကနေ ကားပေါ်မှာ ပါတဲ့လူတိုင်းကို မှတ်ပုံတင် စစ်ဆေးနေတဲ့အတွက် ကားတွေရပ်စောင့်နေရတယ်လို့ ယဉ်လိုင်းတခုက တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ “မနက် ၈ နာရီထွက်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်- မန္တလေး အမြန်လမ်း နေရာတော်တော်များများမှာ ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်-နေပြည်တော်အမြန်လမ်းတလျှောက်ကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားပြီး ခရီးသွားယာဥ်တွေကို နေရာတော်တော်များများကနေ စစ်ဆေးနေတယ်လို့ ခရီးသွားတဦးက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ ရန်ကုန် 0 မိုင်မှာ တစ်ခါ၊ မိုင် ၄၀၊ ၄၄ မိုင်မှာတစ်ခါနဲ့နောက်တော့ ၁၁၅ မိုင်မရောက်ခင်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘောလခဲ မှုခင်းနှိမ်နှင်းရေး တပ်စုက ရဲတပ်ကြီးနှစ်ဦး BPDF ထံဝင်ရောက်ခိုလှုံ

ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဘောလခဲမှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးနှစ်ဦးဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံကို ဇူလိုင် ၃ ရက်က CDM ပြုလုပ်ဝင်ရောက်လာခဲ့တယ်လို့ BPDF က ထုတ်ပြန်ပါတယ်။ ဘောလခဲမြို့၊ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုကတပ်ကြပ်ကြီး ဝင်းထွန်းနဲ့ နယ်ထိန်းတပ်ကြပ်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သံသယရှိဖွယ် မြောက်ကိုရီးယားဘက်က ဆည်ရေလွှတ်မှုကြောင့်  နယ်စပ်အနီး တောင်ကိုရီးယား ခရီးသွားတွေ ဘေးလွတ်ရာရွေ့ပြောင်းရ

တောင်ကိုရီးယားနိုင်ငံရှိ Imjin မြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းကအနီး အပန်းဖြေ ခရီးထွက်လာသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီမြစ်ရေကြီးမှုဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးမှာရှိတဲ့ ဆည်တစ်ခုထဲက ရေတွေကို လွှတ်လိုက်ပုံရတယ်လို့ ဆိုထားပါတယ်။  တောင်ကိုရီးယားနိုင်ငံတောင်ဘက် Yeoncheon [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လစ်ဗျားကမ်းရိုးတန်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦး သေဆုံး

ကလေးငယ် ၃ ဦးအပါအဝင် မာလီနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးဟာ လစ်ဗျားကမ်းလွန်မှာ သေဆုံးခဲ့တယ်လို့ မာလီအစိုးရက ဇူလိုင်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုပြဿနာတွေကနေ ဥရောပကိုရွှေ့ပြောင်းဖို့အတွက် ကြိုးပမ်းမှုတွေကို တိုးမြင့်လာစေတာလို့ [ဆက်လက်ဖတ်ရှုရန်]