ဒေသအလိုက် သတင်းကဏ္ဍ

ဇွန်လအတွင်း စစ်အုပ်စုတပ်နဲ့ BGF တပ်ဖွဲ့ဝင် ၄၀၀ကျော် သေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့်သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)က ဒီနေ့ဇူလိုင်လ ၆ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တစ်လအတွင်း  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာအကြမ်းဖက်စစ်အုပ်စုကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေမိုင်းဆွဲ တိုက်ခိုက်

အကြမ်းဖက်စစ်အုပ်စုတွေပါတဲ့ (၁၂) ဘီးကားကို စစ်ကိုင်းတိုင်းမြင်းမူနယ် ထီးဆောင်းနဲ့ ကန်ဖျား ဇရပ်ကြားမှာ မနေ့က ဇူလိုင်လ၅ရက်ညနေက မိုင်း(၈)လုံးခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Forceက သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား (၃)ဦး အနည်းဆုံးသေနိုင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တပ်မတော်က အမျိုးသားရေးကို သစ္စာစောင့်ရဲ့လား

  ဝါဒဖြန့်ချိရေးဆိုတာဟာ ပြည်သူတွေရဲ့ အတွေးအခါ်နဲ့ အပြုအမူ၊ သဘောထားတွေကို လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားထင်မြင်ချက်ကို ပုံသွင်းဖို့ ကြိုးစားတယ်။ ကိုယ်ဖြစ် စေလိုတဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကို လုပ်စေဖို့ တိုက်တွန်းစေ့ဆော်တဲ့ အားထုတ်မှုဖြစ်တယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီတလီနိုင်ငံမှာ  မိုးခေါင်ရေရှားမှုကို တိုက်ဖျက်ဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာ

အီတလီနိုင်ငံဟာ မိုးခေါင်ရေရှားမှုဒဏ်အများဆုံးခံရတဲ့ မြောက်ပိုင်းဒေသ ၅ ခုမှာ ဇူလိုင်လ ၄ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အစိုးရဟာ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ယူရို ၃၆ ဒဿမ ၅ သန်း ကိုလည်း ခွဲဝေပေးခဲ့ပါတယ်။ ရန်ပုံငွေရဲ့အကြီးဆုံးဝေစုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုင်တဲတာဝါတိုင်ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ၃ ဦး ထောင် ၁၀ နှစ်စီချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာမှာ စိုက်ထူထားတဲ့ မိုင်တဲတာဝါတိုင်ကို ဗုံးခွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦးကို ပုသိမ်ထောင်တွင်းတရားရုံးက ထောင် ၁၀ နှစ်စီ ချလိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဗုံးခွဲတယ်လို့ စွပ်စွဲဖမ်းဆီးခံရသူတွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု ဝင်ရောက်မီးရှို့ခဲ့တဲ့ ရေရှင်ရွာမှာ ရုပ်အလောင်းတွေ တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၅ ရက် ၊မနက် ၇ နာရီဝန်းကျင်မှာအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်​တပ်ရဲ့ စစ်ကြောင်းက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုလည်း တွေ့ရှိရပြီးဘယ်သူဘယ်ဝါဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးတဲ့ လူနေအိမ် ၈၄ လုံးထိရှိလာ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ နေအိမ် စုစုပေါင်း ၈၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Southern Monitor က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လကမ္ဘာကို သိမ်းပိုက်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်ကို တရုတ် ကန့်ကွက်

တရုတ်နိုင်ငံဟာ စစ်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လကမ္ဘာကိုသိမ်းပိုက်နိုင်တယ်ဆိုတဲ့ NASA အကြီးအကဲရဲ့ သတိပေးချက်ကို ဇူလိုင်လ ၄ရက်နေ့မှာ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်ကာလအတွင်း တရုတ်နိုင်ငံဟာ သူ့ရဲ့ အာကာသစီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး အထူးသဖြင့် လကမ္ဘာနဲ့ဆိုင်တဲ့ ပရောဂျက်တွေ  အဓိကထားလုပ်ဆောင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ဆင်ခြေဖုံးရှိ Highland ပန်းခြံမှာ လွတ်လပ်ရေးနေ့ ချီတက်ပွဲကျင်းပနေစဉ် သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ကလေးငယ် ၅ ဦး အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်-ထီးခီလမ်းပိုင်းကို ဒီနေ့ကစပြီး လုံးဝအသုံးမပြုဖို့ DDPDFထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့ ဒီကနေ့ဇူလိုင် ၅ရက်ကနေစပြီး လုံးဝအသုံးမပြုဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDFအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒီကနေ့ ဇူလိုင် ၅ရက်ကနေ ဇူလိုင် ၁၁ရက်အထိ အသုံးမပြုဖို့နဲ့ သတ်မှတ်ရက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်မှုတစ်စုံတရာကို [ဆက်လက်ဖတ်ရှုရန်]