ဒေသအလိုက် သတင်းကဏ္ဍ

ဇူလိုင်လ ပထမအပတ်အတွင်း လွိုင်ကော်နဲ့ ဖယ်ခုံတိုက်ပွဲမှာ စစ်အုပ်စုဝင် ၅၀နီးပါး သေဆုံးပြီး PDFဘက်က ၁၁ဦး ကျဆုံး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ ဇူလိုင်ပထမအပတ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က ၄၉ဦးသေဆုံးခဲ့ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်ကတော့ ၁၁ဦးကျဆုံးခဲ့တယ်လို့ KNDF သတင်နဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ခြေကုပ်ယူထားတဲ့ စခန်းတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယား ဟက်ကာတွေက ဆေးရုံနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယားကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်နိုင်ငံရှိ ဆေးရုံတွေနဲ့ တခြားကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  အဖွဲ့အစည်းတွေကို ransomware ဗိုင်းရပ်နဲ့ တိုက်ခိုက်နေတယ်လို့  FBI ကသတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား ဟက်ကာသမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို အနည်းဆုံး ၂၀၂၁ ခုနှစ် မေလကတည်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်ခတ်ခံရ

ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ   ဒီနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားနခုမှာ မိန့်ခွန်းပြောနေစဥ် ရင်ဘတ်ကို သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့  ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။  လက်ရှိမှာတော့ ဝန်ကြီးချုပ်ဟောင်းဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမှာ ရပ်ကွက်တခု လူ ၆၀ နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့နေ

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့မှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ပြည်သူ့စစ်အဖွဲ့ဝင် စာရင်းတွေ ကောက်ယူနေတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။ “အုပ်ကြီးတွေက သူတို့ဘာသူတို့ စာရင်းလုပ်ပြီး လူစုနေတာ ၊ တချို့ဆို စာရင်းထဲမှာ ကိုယ်ပါလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၂၀၂၂ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာအရ မြန်မာက ကမ္ဘာ့အဆင့်ညွှန်းကိန်းအောက်ဆုံးကိုရောက်ရှိနေ

Article 19 ကထုတ်ပြန်တဲ့ ၂၀၂၂ ကမ္ဘာ့ထုတ်ဖော်ခွင့် အစီရင်ခံစာ (Global Expression Report) အရ လွတ်လပ်စွာဆွေးနွေးပြောဆိုခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ နိုင်ငံရေးနဲ့ပတ်သက်တာတွေပြောဆိုရင် ဖမ်းဆီးတာတွေ အပါအဝင် အချက် ၇ ချက်ကြောင့် မြန်မာနိုင်ငံဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ မနက်အစောပိုင်းမှာ ငလျင်နှစ်ကြိမ်လှုပ်ခတ်

ဒီကနေ့ ဇူလိုင်လ ၈ရက်နေ့ မနက်အစောပိုင်းမှာ ညောင်ဦးမြို့နဲ့ ဖြူးမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် နှစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မြန်မာစံတော်ချိန်မနက် ၁နာရီ ၅၂မိန်ခန့်မှာ ညောင်ဦးမြေငလျင်စခန်း ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က ရွာသားတွေကို အဓမ္မခိုင်းစေပြီး ခွီးမွာလ်ရွာမှာ ယာယီစခန်းတည်ဆောက်နေ

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ထဲက ကလေး-ဖလမ်းကားလမ်းဘေးမှာ ရှိတဲ့ ခွီးမွာလ်ရွာမှာ အကြမ်းဖက်စစ်တပ်က ယာယီစခန်းဆောက်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ စခန်းဆောက်ရာမှာ ရွာသူရွာသားတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ ၊ ရွာထဲက ကြက်၊ဝက်၊ဆိတ်တွေကို အဖိုးအခ မပေးပဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မသန်စွမ်း ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုအပေါ် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ရှုံ့ချ

ဇွန်လ ၃၀ရက်နေ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် ၆၀ ခန့်ရှိ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးတဦးကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုံချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဒီကနေ့ ဇူလိုင်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်ဆန္ဒပြပွဲမှာ ကားနဲ့အတိုက်ခံရတဲ့ လူငယ် လွတ်မြောက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က 7 july နှစ် ၆၀ ပြည့် အထိမ်းအမှတ်ဆန္ဒပြလူငယ်တွေကို တိုယိုတာ ဘယ်လ်တာအိမ်စီးကားနဲ့ ဝင်တိုက်ပြီးဖမ်းဆီးတာလုပ်ဆောင်ခဲ့ပေမယ့် ကားနဲ့အတိုက်ခံခဲ့ရတဲ့ Yangon Revolution strike အဖွဲ့ဝင် လူငယ်ဟာ လုံခြုံတဲ့နေရာကို ရောက်ရှိပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သဉ္ဇာဝင့်ကျော် ဒီနေ့ ပြန်လွတ်မယ်

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) အတွင် ဒေသဖွင့်ဖြိုးရေး Documentary ရိုက်ကူးရာက အပြန်မှာ အဖမ်းခံခဲ့ရတဲ့ မော်ဒယ် သဉ္ဇာဝင့်ကျော်ကို ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ရပခတိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူက ပြောတယ်ဆိုပြီး (SSPP/SSA) ရဲ့ [ဆက်လက်ဖတ်ရှုရန်]