နိုင်ငံရေး

သီတဂူ နာယက ၁၀ ပါးစာရင်းဝင် ဆရာတော် ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်

သီတဂူဗုဒ္ဓတက္ကသိုလ်က BA.Buddhaဘွဲ့ရ သီတဂူ နာယက (၁၀) ပါးစာရင်းဝင် ဆရာတော်အရှင်ဂန္ဓသာရ ( စာချဆရာတော် မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက်) နဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ဒီပဲယင်းကွဲရွာမှာ သတ်ဖြတ်သွားတယ်လို့ စစ်ကိုင်း PDF တပ်ရင်း ၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ထုမြို့က လင်းလက်ကြယ် ဘော်ဒါဆောင်ကို မြို့ခံရဲတွေကမီးရှို့

ကျောက်ထုမြို့ ရဲစခန်းမြောက်ဘက်နားက လင်းလက်ကြယ် ဘော်ဒါဆောင်အဆောက်အဦကို ကျောက်ထုမြို့မ ရဲစခန်းကရဲတွေက ဇန်နဝါရီ ၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရဲစခန်းရဲ့မြောက်နားခပ်လှမ်းလှမ်း ယာခင်းပြင်မှာဆောက်ထားတာ အဆောင်က၊ အနားမှာချောက်ရိုး လေး လည်းရှိတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကကလေးမြို့အနောက်ဘက်စက္ကန့်ကျေးရွာကိုနှစ်ရက်ဆက်မီးရှို့

ကလေးမြို့အနောက်ပိုင်း စက္ကန့်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့လယ်ပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီကနှစ်ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  “ မနေ့ကနေ့လယ်ကရှို့တာကတော့ ခုနစ်လုံး‌လောင်တယ်၊ဒီမနက်က မနက်အစောကြီးရှို့တာ၊ဘယ်နှလုံး‌ လောင်တယ်ဆိုတာတော့ မပြောနိုင်သေးဘူး” လို့ ကလေးမြို့အနောက်ပိုင်းဒေသခံတဦးကပြောပါတယ်။  စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ၅ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ကျဉ်းတွေကို ရိုက်နှက်လို့ ပုသိမ်ထောင်မှာ ဆန္ဒပြမှုဖြစ်ပြီး ပစ်ခတ်ဖြိုခွင်းနေ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ  ဒီကနေ့ဇန်နဝါရီ ၆ရက်မနက်ပိုင်းက ထောင်တွင်း ဆန္ဒပြမှုတွေဖြစ်နေပြီးပစ်ခတ်မှုတွေပါရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ် ဒီကနေ့ မနက်ပိုင်းက ပုသိမ်ထောင်တွင်းမှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ထောင်ဝန်ထမ်းတချို့ကရိုက်နှက်မှုတွေလုပ်ခဲ့တာကြောင့် မနက် ၉နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါင်းမင်းတပ်ဖွဲ့စခန်းဗုံးကြဲဖျက်စီးခံရ

ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင် KNLA  တပ်မ ဟာ(၆) နယ်မြေအခြေစိုက် ဒေါင်းမင်းတပ်ဖွဲ့ရဲ့အ ခြေစိုက်စခန်းတခုကို ဇန်နဝါရီ(၃)ရက်မှာစစ်ကောင် စီက လေကြောင်းကဗုံးကျဲတိုက်ခိုက်လို့ စခန်းပျက် စီးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ “လူအထိအခိုက်မရှိပါဘူး၊ကြိုတင်ပြီးအကြိမ်ကြိမ်လေ့ကျင့်ထားတဲ့အတိုင်းညဘက်စခန်းစွန့်ခွာအစီစဉ်အတိုင်းအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်၊ စခန်းကမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေတော့ထိခိုက်တာပေါ့”လို့ဒေါင်းမင်းစစ်ကြောင်းတာဝန်ခံကDNA ကိုပြောပါတယ်။ အဲ့ဒီစခန်းကို စစ်ကောင်စီကဇန်နဝါရီ၃ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကားအငှားလိုက်ရင်း ပျောက်နေတဲ့ ရန်ကုန်က အငှားယာဥ်မောင်းသတ်ဖြတ်ခံထားရတဲ့အခြေအနေနဲ့ပြန်တွေ့

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့အငှား ယာဥ်မောင်းတဦးဟာမိသားစုနဲ့အဆက်အသွယ်ပြတ်နေရာကတရက်အကြာမှာ ကြိုးတုပ်ခံထားပြီး ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကို ပြန် တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက DNA ကို ပြောပါတယ်။ တောင်ဒဂုံမြို့နယ်၊သစ်ဆိပ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုကျော်ထွန်းဟာ ဇန်နဝါရီ ၄ ရက်မှာ ကားအ ဌား လိုက်သွားရာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်တွေကို MOUစာချုပ်ရှိ အေဂျင်စီတွေကိုသာ ထုတ်ပေးပြီး ရုံးကိုပိတ်ထားဆဲ

ကြိုတင်ကြေညာတာမရှိဘဲ ရက်အကန့်အသတ်မရှိ ရုံးပိတ်လိုက်တဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နှစ်နိုင်ငံအလုပ်သမားစေလွှတ်ရေးစာချုပ် (MOU) အရ ပို့ဆောင်ရမယ့်  ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေကိုသာ နိုင်ငံကူးလက်မှတ်လုပ်ဆောင်ထုတ်ပေးနေပြီး ရုံးပြန်မဖွင့်သေးဘူးလို့အဲ့ဒီရုံးနဲ့ နီးစပ်သူတချို့ကပြောပါတယ်။ ” System Updateမြှင့်လို့ ရုံးပိတ်ထားပေမယ့် တဖက်မှာကျတော့ MOUစာချုပ်တွေရှိတယ်၊အဲ့ဒီစာချုပ်တွေက ဘယ်နေ့အရောက်အလုပ်သမားပို့ပေးရမယ်ဆိုတာမျိုးတွေရှိတယ်၊ဒါတွေကျတော့ မဖြစ်မနေလုပ်ပေးရမှာမို့လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဦးစီးချုပ်ပါ သုံးဦး လုပ်ကြံခံရမှုULA/AA လက်ချက်လို့ ALP စွပ်စွဲ

စစ်တွေမြို့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနဲ့ တပ်မှူး နှစ်ဦးလုပ်ကြံခံရပြီးသေဆုံးတာဟာရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်(ULA/AA)ရဲ့လက်ချက်ဖြစ်တယ်လို့ ALP က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ် ပြန်စွပ်စွဲလိုက်ပါတယ်။ ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟင်္သာတထောင်က ဧရာ၀တီတိုင်းပြည်သူ့ပါတီအတွင်းရေးမှူးနဲ့ နိုင်ကျဉ်းသုံးဆယ့်သုံးဦးပြန်လွတ်လာ

ဧရာ၀တီတိုင်း ဟင်္သာတအကျဉ်းထောင်ကနေ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့် နဲ့ ဧရာဝတီတိုင်း ပြည်သူပါတီက အတွင်းရေးမှူး ဦးစိန်သောင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၃ ဦး လွတ်မြောက်တယ် လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်မဖွင့်နိုင်သေး

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို အခုလထဲမှာဖွင့်မယ်လို့ သတင်းတွေထွက်နေပေမယ့် ဒီကနေ့အထိတော့ မဖွင့်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က အဲ့ဒီတံတားပေါ်မှာ သန့်ရှင်းရေးလုပ်တာ၊ အပျက်အစီးတွေကို [ဆက်လက်ဖတ်ရှုရန်]