NUG အားမနာတမ်းဝေဖန်ဖို့NUG သမ္မတပြောတဲ့အပေါ် သပိတ်အင်အားစုတွေကြိုဆို

အမျိုးသားညီညွတ်ရေး အစိုးရကို အားမနာတမ်း ဝေဖန်အကြံပြုကြဖို့ ယာယီ သမ္မတဒူဝါလရှီးလရဲ့ ဖိတ်ခေါ် ပြောဆိုမှုအပေါ်  ကြိဆိုတယ်လို့ လက်ရှိ မြေပြင်မှာ လှုပ်ရှားနေတဲ့ ပြောက်ကျားသပိတ်အဖွဲ့တချို့က ပြောပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ မြေပြင်သပိတ်အဖွဲ့ (၁၂)ဖွဲ့ မနေ့က ဇန်နဝါရီ (၁၀)ရက်မှာ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြပြီး NUG ဟာ “ငါတကော ကော”တဲ့ အစိုးရမဖြစ်စေရဘူးလို့ ယာယီသမ္မတက အဲ့ဒီတွေ့ဆုံပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့အစည်းရဲ့အမြင်အရ အခုတခေါက်တွေ့ဆုံမှုဟာ အရင့်အရင်တွေ့ဆုံမှုတွေကထက် ပိုမိုအား ကောင်းလာတဲ့ရင်းနှီးပွင့်လင်းမှု၊ ပိုမိုအားကောင်းတဲ့စည်းလုံးချိတ်ဆက်မှုတွေကိုတွေ့ရှိခဲ့ရပြီး အဲ့ကနေတ ဆင့် ပိုမိုအားကောင်းတဲ့အရွှေ့တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာ မှာ ပါဝင်ခဲ့တဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်း) ဥက္ကဋ္ဌကDNAကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ လူထုလမ်းညွှန်မှုကိုခံယူသလို၊သက်ဆိုင်ရာ သပိတ်အင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးလေးစားစားနားထောင်နေပြီး မှားတာရှိရင် ပြင်ဖို့နောက်မတွန့်ခဲ့ဘူးလို့ ယာယီသမ္မတက မနေ့က သပိတ်အင်အားစုတွေနဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။

ဒါ့အပြင် ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း ရနိုင်ဖို့လည်း အမြဲကြိုးပမ်းနေပြီး အသက်အရွယ်ဖြတ်သန်းမှုအရ ငယ်ရွယ်ပေမယ့် သပိတ်အင်အားစုအသီးသီး မှာ ပါဝင်နေတဲ့လူငယ်တွေကို လေးစားတန်ဖိုးထားမှုမလျော့ခဲ့ဘူးဆိုလည်း ယာယီသမ္မတက ဆိုပါတယ်။

NLD ပါတီလူငယ်တာဝန်ခံဟောင်းတဦးဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ကဗျာဆရာတဦးလည်းဖြစ်တဲ့ လက်ရှိ BPLA တပ်ဖွဲ့ တာဝန်ခံ မောင်ဆောင်းခကတော့ NUG ဘက်က ဝေဖန်ဖို့လမ်းဖွင့်ပေးတဲ့အပေါ် ကြိုဆို ပေမယ့် အပြုသဘောဝေဖန်သူတွေကို NUG ထောက်ခံသူတွေက စွပ်စွဲပုတ်ခတ်တာတွေမလုပ်ဖို့ ဟန့်တာပေးဖို့ လည်း လိုတယ်လို့ ထောက်ပြပါတယ်။

“NUG ကိုဝေဖန်တဲ့သူတွေကို စစ်တပ်နဲ့ပေးစားတာတို့၊တတိယအင်အားစုဆိုပြီး အပုတ်ချတာတို့ကိုလည်းတား မြစ်တာ၊ဟန့်တားတာမျိုးတခုခုလုပ်ပေးရင်ပိုကောင်းပါတယ်၊ဒီအတိုင်းဝေဖန်ပါလို့ ပြောရုံနဲ့တော့မလုံလောက် ဘူးထင်ပါတယ်၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ရှင်သန်တဲ့ နိုင်ငံရေးရပ်ဝန်းတခုကို အခုကတည်းက တည်ဆောက်ထားသင့်ပါပြီ”လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိ လက်နက်ကိုင်တော်လှန်စစ်အရှိန်မြင့်လာချိန်အထိ နိုင်ငံတဝန်းမှာ သ ပိတ်အင်အားစုအသီးးသီးက အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လုပ်နေကြဆဲဖြစ်ပါတယ်။အဲ့ဒီလို စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း NUG၊NUCC တို့ရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ နှေးကွေးနေတဲ့အကြောင်း တပါတည်း ဝေဖန်ထောက်ပြတာမျိုးတွေလည်းရှိခဲ့ပါတယ်။

သပိတ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ယာယီ သမ္မတ ဒူဝါလရှီးလက “ ဒီနေ့ဒီအချိန်အထိ သပိတ်အင်အား စုအ သီးသီးက လူထုနဲ့နိုင်ငံတကာ အသိုက်အဝန်းတခုလုံး အာရုံမပြတ် စောင့်ကြည့်ရမယ့် သပိတ်လှုပ်ရှားမှု တွေကို ခေတ်အမြင်/ခေတ်အတွေးအခေါ်နဲ့ အစဉ်တစိုက်လုပ်ဆောင်နေတာဟာ ကျွန်တော့်အတွက် အံ့ဩ ဝမ်းသာ ရပါတယ်”လို့ ပြောပါတယ်။