နိုင်ငံရေး

ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က အိမ်ခြေနှစ်ရာကျော်မီးရှို့ပြီး လူငယ်နှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်​တောင်ခြမ်းကမြေမွန်ရွာကအိမ်ခြေ ၂၁၈လုံးကိုမီးရှို့ပြီးကိုင်းရိုးရွာကဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေကဖေဖော်ဝါရီလ ၁၉ရက်ကသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကျတော်တို့ကန့်ဘလူတောာင်ပိုင်းမှာတော့ကိုင်းရိုးရွာကလူငယ်နှစ်ယောက်ကိုဖမ်းပြီးပစ်သတ်ပြီးထော်လာဂျီပေါ်တင်သွားတယ်။ခမရ၃၆၈ကသတ်တာနောက်ထပ်ဖမ်းထားတဲ့နှစ်ယောက်ကိုတော့ကျတော်တို့ရွာမှာပဲချန်သွားတယ်”လို့ကန့်ဘလူတောင်ပိုင်း၊ရှမ်းတပ်ကျေးရွာဒေသခံတဦးကပြောပါတယ်။ စစ်​ကောင်စီလက်​အောက်ခံတပ်​တွေဖြစ်တဲ့ ခမရ ၃၆၄၊ခမရ ၃၆၇၊ခမရ ၃၆၈၊ခမရ ၃၆၉နဲ့ပျူ​စောထီးတွေပူး​ပေါင်းကာ စစ်​ကြောင်း လေးကြောင်းနဲ့တပါတ်ကျော်ကြာဝင်ရောက်စစ်ကြောင်းထိုးနေပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် ၊နေ့လည်ပိုင်းက မြေမွန်ရွာကိုမီးဝင်ရှို့ခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မှာ စစ်အုပ်စုကပိတ်ဆို့ထားလို့ စက်သုံးဆီနဲ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်အုပ်စုက စက်သုံးဆီတင်ကားတွေကို ပိတ်ပင်ထားတဲ့အတွက် အကန့်အသတ်နဲ့သာ တင်သွင်းနေရပြီး  စက်သုံးဆီနဲ့ စားသောက်ကုန် တွေဈေးနှုန်း မြင့်တက်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကတည်းက ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်က နယားစစ်ဆေးဂိတ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညှိကွပ်ဗိုလ်ချုပ်ကြီးမောင်မောင်အေး အပါအဝင် ကိုးဦးနဲ့ အဖွဲ့ ခုနှစ်ဖွဲ့ကို အီးယူအရေးယူမယ်

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဥရောပ သမဂ္ဂ (EU)က ထပ်မံ ပိတ်ဆို့ အရေးယူမယ့် စာရင်းအသစ်ကို ဖေဖော်ဝါရီ ၂၀ မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။  စစ်တပ်က အဓမ္မ အာဏာသိမ်းထားပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိန္ဒိယက မြန်မာစစ်ရှောင်တွေကို ကွင်းဆင်း စစ်ဆေးပြီး စစ်ရှောင်ကတ်ထုတ်ပေးတော့မယ်

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့မြန် မာစစ်ဘေးရှောင်တွေကို မဏီရ်ပူပြည်နယ်အစိုးရတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး စစ်ရှောင်ကတ်တွေထုတ်ပေးတော့မယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီကနေသိရပါတယ်။ “အချက်အလက်အနေနဲ့ဆို eye screen ဖတ်တာနဲ့ လက်ဗွေစစ်တာပါ ပါတယ်” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။ စစ်ဆေးရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းတိုင်းရင်းသားတွေကို တော်လှန်ရေးတပ်ဦးမှာပါဝင်နေသူတွေအဖြစ် NUG ယာယီသမ္မတဂုဏ်ပြု

ချင်းတိုင်းရင်းသားတွေဟာ နွေဦးတော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ပေးနေသူဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှိးလက ဂုဏ်ပြုလိုက်သလို ဆက်လက်ဦးဆောင်ပေးကြဖို့လည်း တဆက်တည်းတိုက် တွန်း ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ(၂၀)ရက်မှာ ကျရောက်တဲ့(၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အတွက် မိန့်ခွန်းပြော ရာမှာ ယာယီသမ္မတက အဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာမြေမြုပ်မိုင်းကြောင့်လေးဦး ထိခိုက်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေရ

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ သုံးပတ်အတွင်းမြေမြုပ်မိုင်းကြောင့်ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဒေသခံတွေဟာမြေမြုပ်မိုင်းအန္တရာယ်တွေအပေါ်စိုးရိမ်ထိန့်လန့်နေကြရပါတယ်။ လမိုင်းမြို့ ၊ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခလရ( ၆၁)ကင်းစခန်းအနီးတဝိုက်မှာမြေမြုပ်မိုင်းတွေထောင်ထားတာကြောင့်ဒေသခံတွေသွားလာရာတွင်မကြာခဏမိုင်းနင်းမိတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ လမိုင်းမြို့ခံတစ်ဦးကပြောပါတယ်။ ” ဘေးကလွဲရွာကချောင်းကူးကြိုးတံတားအနီးမှာမိုင်းတွေထောင်ထားတယ်။အဲ့မှာခလရ၆၁ကလည်းတပ်စွဲထားတယ်။တပ်စွဲတဲ့နေရာကိုဖြတ်ပြီးတံတားဘက်သွားတဲ့သူတိုင်းမိုင်းနင်းမိလို့ ခြေလက်တွေထိတာခနခနပဲဖြစ်နေတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တော်၊တင်းမရွာကစစ်တပ်စခန်းနားမိုင်းပေါက်လို့ စစ်သားနှစ်ဦးသေ၊ဒဏ်ရာရသူတွေလည်းရှိ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊တင်းမရွာအနီးကတပ်စခန်းနား မိုင်းပေါက်ကွဲလို့ စစ်သားနှစ်ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာရသွားသူတွေလည်းရှိတယ်လို့  အနီးဝန်းကျင် မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။ “မိုင်းနှစ်လုံးပေါက်တယ်၊နှစ်ယောက်သေတယ်။ အလောင်းတွေ ထမ်းယူသွားတာကို မြင်လိုက်ရတယ်၊ဒဏ်ရာရ တာလည်း တစ်ယောက်၊ နှစ်ယောက် ရှိမယ်ထင်တယ်၊နေဗီနဲ့ တပ်သားတွေ၊ ရိက္ခာတွေ လာပို့တဲ့နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ကြီးကဒေသခံစစ်ရှောင် သုံးသောင်းကျော်လူမှုဘဝရပ်တည်ဖို့အခက်အခဲဖြစ်ပေါ်နေ

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်က ဒေသခံသုံးသောင်း ကျော်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်ကာလကြာမြင့်နေတဲ့အတွက် စားဝတ်နေရေးအရအဆင်မပြေလာတဲ့အပြင် လူမှုဘဝရပ်တည်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ အဲဒီဒေသခံစစ်ဘေးရှောင်တွေဟာ၂၀၂၂ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့မုန်းဒေသ တိုက်ပွဲအတွင်း ကျောက်ကြီးမြို့ နယ်ထဲကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တောင်းမြစ်ကမ်းနံဘေးနဲ့အနီးတဝိုက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာကျေးရွာတွေတောင်တောင်တွေထဲမှာနေထိုင်ရတဲ့အပြင် နေရပ်ကိုမပြန်နိုင်တာကြောင့်စားဝတ်နေရေးအတွက်ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေကိုကူညီလုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။ “အခုအထိအိမ်ကိုမပြန်ရတာအချိန်ကြာပြီ။မီးရှို့ခံရတာနဲ့လက်နက်ကြီးမှန်တာဆိုတော့အိမ်တွေလည်းမရှိတော့ဘူးပေါ့။ သူတို့အတွက် စားဝတ်နေရေးအရအလုပ်အကိုင်တွေမရှိတော့အခက်အခဲတွေဖြစ်ကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ထုမှာ ဆက်တိုက် မိုင်းဆွဲခံရပြီး အထိနာတဲ့စစ်တပ်က လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေ

မကွေးတိုင်း၊ ယောဒေသကျောက်ထုမြို့နယ်အ တွင်း ဖေဖော်ဝါရီ ၁၆ရက်နဲ့၁၈ ရက်တို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီစစ်ကြောင်းကစစ်သား နှစ်ဆယ်ဝန်းကျင်သေဆုံးပြီးနောက် ကျောက်ထုမြို့ပေါ် စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာ တပတ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။  “၁၆ရက်နေ့ ကားနှစ်စီးဆွဲတာကတော့ တော်တော်ထိတယ်ဗျ၊ကားနှစ်စီးလုံးကိုပျက်စီးသွားတာ​ကိုး၊ အဲ့ရက်ကစ(လက်နက်ကြီး)ထုတာပဲ၊တောင်ပေါ်ဘက်တွေကိုအဓိကထုတာ” လို့ကျောက်ထုဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒဂုံဆိပ်ကမ်းရပ်ကွက်ရုံးပစ်ခတ်မှုအပြီးကျူးကျော်တဲတွင်နေထိုင်သူလူငယ်သုံးဦးဖမ်းဆီးခံရ

  ဒဂုံဆိပ်ကမ်းမြို့နယ် ၊၉၄ ရပ်ကွက် ၊ကံကော်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီလ၁၉ရက် မနေ့ကပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက်၉၃ ရပ်ကွက်ထဲက ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့လူငယ် သုံးဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့ပစ်ခတ်မှုမှာအုပ်ချုပ်ရေးမှူး စစ်ထောက်လှမ်းရေဟာင်း ဦးခင်မောင်ဇင်လွတ်မြောက်ခဲ့ပေမယ့်ရာအိမ်မှူးဦးထွန်းထွန်းဝင်း နဲ့ဦးဝင်းမြင့် သေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးမြင့်ဝေ ၊ဦးဖြိုးကိုကို၊ ဒေါ်ခင်ဆွေနဲ့ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူ [ဆက်လက်ဖတ်ရှုရန်]