နိုင်ငံရေး

စခန်းသိမ်းတိုက်ပွဲပြန် PDF တွေကို အောင်သပြေနဲ့ကြို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကြားက ကျောက်မျက်တောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ (၁၉)ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။   အခုပုံတွေကတော့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုဆိုနေကြတဲ့ ပုံရိပ်တွေဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်မျက်တောင်ပေါ်က စစ်တပ်ယာယီစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး နဲ့ယင်းမာပင်မြို့နယ်ကြား ကျောက်မျက်တောင်ပေါ်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၁၉ရက်ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ကြပါတယ်။ “ညမှောင်ခါနီးမှာ အလစ်အငိုက်ဝင်တိုက်တာ စစ်ကောင်စီတပ်သားတွေ ၂၀ ထက်မနည်းသေဆုံးပြီး ထိခိုက်မှုအများအပြားရှိပြီး ထွက်ပြေးကုန်ကြတာတွေရှိတယ် အရှင်ဖမ်းမိတာတော့မရှိဘူး” လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

သထုံမှာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကုန်တင်ကားတစီးထိခိုက်ပြီး ယာဥ်မောင်းသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ စားသောက်ကုန်ပစ္စည်းတွေ တင်လာတဲ့ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။   ကမာစိုင်ကျေးရွာ (ရွာသစ်ကျေးရွာ)အနီးမှာ ဟိုင်းလတ်ကားတစီး ပစ်ခတ်ခံထားရတာဖြစ်ပြီး ယာဥ်မောင်းဖြစ်သူ မင်းထွန်း(ခ)ဝက်ကလေးဆိုသူလည်း အခင်းဖြစ်နေရာမှာပဲ သေဆုံးနေတာကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်ကနေ မလေးရှားသွားမယ့် ရိုဟင်ဂျာ လေးဆယ်ကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီးမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)ရက် နံနက်ပိုင်းက  ပုန်းခိုနေတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဝါခရူချောင်းဝဘက်ကနေ စက်လှေတစီးနဲ့ လိုက်ပါလာကြတဲ့ ရိုဟင်ဂျာတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမင်းတိုင်ပင်ရွာက NUG စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေမီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကမင်းတိုင်ပင်ကျေးရွာမှာရှိတဲ့ ဝါးတိုင်ရုံးမှာဖွင့်လှစ်ထားတဲ့ NUG ရဲ့ကြားကာလစာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စာသင်ကျောင်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းမထီးပျူရွာကနေထွက်လာတဲံ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးနေချိန် မင်းတိုင်ပင်ရွာစာသင်ကျောင်းအပါအဝင် နေအိမ် ၂လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ “နေ့ခင်း ၂နာရီမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းတောင်ပိုင်းမှာစစ်တပ်သင်တန်းပေးထားတဲ့ ပျူစောထီးတွေကို ကရင်နီဘက်စေလွှတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းမှာ  စစ်ကောင်စီက သင်တန်းပေးထားတဲ့ ဓနုပျူစောထီး အယောက် ၂၀ ကျော်ကို အင်းလေးဒေသနဲ့ စစ်ရေးပြင်းထန်းနေတဲ့ ကရင်နီ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလိုစေလွှတ်မှုကိုတော့  ပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ဓနုဒေသမှာက တိုက်ပွဲတွေ မရှိတာကြာပြီးဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေတာရှည်မှာ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးအပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း ၊ရေတာရှည်မြို့နယ် ၊ကဲလင်းဆိပ်အုပ်စုရွာသာရွာမှာဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင်းထောင်ထားခဲ့တဲ့မြေမြှုပ်မိုင်းကိုနင်းမိရင်းပေါက်ကွဲခဲ့ရာမှဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ရေတာရှည်မြို့နယ်၊ရွာသာကျေးရွာ ဒေသတစ်ဦးဖြစ်တဲ့အသက်၃၁ နှစ်အရွယ် ကိုဇော်မင်းဆိုသူဟာဖေဖော်ဝါရီလ ၁၆ ရက်၊မနက် ၆နာရီဝန်းကျင်ခန့်မှာ ရွာအရှေ့ငှက်ပျောခြံရှိရာကိုငှက်ပျော သီးခုတ်ဖို့သွားရောက်စဥ်ရွာအဝင်လမ်းမှာထောင်ထားတဲ့စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းတစ်လုံးကိုတက်နင်းမိခဲ့ရာကအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ရွာသာကျေးရွာသားတဦးကပြောပါတယ်။ ” ရွာအဝင်အဝမှာမိုင်းပေါက်တဲ့အသံကြားလို့သွားကြည့်တာရွာကတစ်ယောက်ဖြစ်နေတယ်။ငှက်ပျောသီးခိုင်ခုတ်ဖို့ထွက်သွားရင်းမိုင်းနင်းခံရတာဒဏ်ရာပြင်းတယ်။ရေတာရှည်ဆေးရုံကိုပို့ထားရတယ်။”လို့သူကပြောပါတယ်။ ကိုဇော်မင်းဆိုသူဟာ စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မိုင်းထိမှန်ခဲ့လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောက ကဒဲရွာကိုစစ်တပ်ကစီးနင်းပြီးနောက် သံဃာနှစ်ပါးအပါအဝင်လူဆယ်ချီကိုဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲကို  စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး ကဒဲရွာကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကာ နေအိမ်အလုံး ၇၀ထက်မနည်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က ကဒဲရွာကိုစီးနင်းမှုမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ နှစ်ပတ်အတွင်း လူငယ်အယောက်သုံးဆယ်ထက်မနည်းအဖမ်းခံရပြီး နေအိမ်တလုံး ချိပ်ပိတ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ အခုဖေဖော်ဝါရီလအတွင်း လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရပြီး တောင်ဥက္ကလာမှာတော့ နေအိမ်တလုံးချိပ်ပိတ်ခံရတယ်လို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ လှိုင်၊သီရိမြိုင်မှာတော့ PDF ထောက်ပံ့တယ်ဆိုပြီး ကလေးမလေးတွေကို လာပြီး ထပ်ဖမ်းတာ။မနေ့ကအိမ်စီးကားတွေနဲ့လာဖမ်းကြတာ။  ကားက အားလုံး ၄စီးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်တိုက်ပြီး နှစ်ဖက်အကျအဆုံးရှိ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် ရေးတံတားကြီး စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ လုံခြုံရေးတင်းကြပ်ထားလေ့ရှိတဲ့ ရေးမြို့အထွက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို အင်အား ၁၀ ဦးကျော်ပါတဲ့ [ဆက်လက်ဖတ်ရှုရန်]