ဒေသအလိုက် သတင်းကဏ္ဍ

ဘဏ်ဓါးပြမှုနဲ့ ဖမ်းဆီးထားတဲ့ လူငယ်ငါးဦး ထောင်နှစ်နှစ်ဆယ်စီ ချမှတ်ခံရ

ရန်ကုန်မြို့က ကမ္ဘာ့ရတနာဘဏ်ခွဲနှစ်ခု ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတဲ့ လူငယ်ငါးဦးကို အမှုတမှုစီအတွက် ထောင်ဆယ်နှစ်စီနဲ့ စုစုပေါင်းထောင်နှစ် နှစ်ဆယ်စီ ချမှတ်လိုက်ပါတယ်။ အဲ့ဒီလူငယ်ငါးဦးကို ဘုရင့်နောင်က ကမ္ဘာ့ရတနာဘဏ် ဓားပြမှုနဲ့ပတ်သက်လို့ ဒီကနေ့ ဒီဇင်ဘာ (၂၉) [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပုံဖျက်ခံခဲ့ရသော ဖက်ဒရယ်

တချိန်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ စဝ်ဇန့်ယောင်ဟွေ – ပြောခဲ့ဖူးတဲ့ ဖက်ဒရယ်အပေါ် အဓိပ္ပာယ်ဖော်ပုံကို သိပ်သဘောကျတယ်။ သူပြောတာက ဒီလို…။   • ■ ပြည်ထောင်စုဆိုတာ အိမ်ကြီးပုံစံ မဟုတ်ဘူး။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအရှေ့ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းက မင်္ဂလာဆောင်တခုအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝေဒီကျေးရွာ အရှေ့ပိုင်းက ဦးတင်သိန်းနဲ့ ဒေါ်အေးရှစ်တို့ရဲ့သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပနေချိန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒူဘိုင်းနဲ့အိုမန်မှာ အိမ်အကူလုပ်ဖို့အတွက် အေးဂျင့်တွေက ငွေပေးပြီး အလုပ်သမားချင်း စည်းရုံးစေတဲ့နည်း လမ်းသုံးလာ

မြန်မာလုပ်သားအများအပြား သွားရောက်လုပ်ကိုင်နေသလို အခက်အခဲတွေနဲ့ ကြုံတွေ့ရသူ အများအပြား ရှိနေတဲ့ ဒူဘိုင်းနဲ့ အိုမန် တို့မှာအိမ်အကူလာလုပ်ဖို့အတွက် အလုပ်သမားအချင်းချင်း ငွေပေးစည်းရုံးခိုင်းတဲ့ စနစ်နဲ့ လူစုဆောင်းနေတယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဆီကသိရပါတယ်။   ဒူဘိုင်းရောက် မြန်မာအိမ်အကူလုပ်သားတွေကို လူသစ်တစ်ယောက်ခေါ်ပေးနိူင်ရင် ငွေကျပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ တပ်ကြပ်ကြီး တဦးနဲ့ ပျူစောထီးဆိုသူ နှစ်ဦးတရက်တည်း ပစ်ခတ်ခံရပြီးနှစ်ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်တပ်ကတပ်ကြပ်ကြီးတဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုတဲ့ အမျိုးသားနှစ်ဦး ဒီဇင်ဘာ (၂၈)ရက်မှာ တရက်တည်း ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးတယ်လို့  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-LLPDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။ လောင်းလုံးမြို့က ပျူစောထီးတွေလို့ဆိုတဲ့ ဦးစိုးသိန်းနဲ့သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများနိုင်တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇီးကုန်း သကြားစက်မှာအထိုင်ချထားတဲ့ စစ်တပ်ကို စစ်ကြောင်း ထွက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ပစ်ခတ်တာတွေကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ခင်ဦးမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ Dynamite Empire အဖွဲ့က ပြောပါတယ်။ အင်အား (၅၀)ကျော်ပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းကို ဒီဇင်ဘာ(၂၈)ရက် က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Live လွှင့်ရင်း စစ်တပ်ကိုဝေဖန်မိတဲ့ တပ် ထောက်ခံသူထောင်သုံးနှစ်ချခံရ

လူမှုကွန်ရက်မှာ Live လွှင့်ရင်း စစ်ကောင်စီဟာ ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ဘူးလို့ ဝေဖန်တာကြောင့် ဖမ်းဆီးခံရတဲ့ ပန်းတောင်းမြို့နယ်က တပ်ထောက်ခံသူတဦးထောင်သုံးနှစ်ချမှတ်ခံလိုက်ရပါတယ်။   ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပန်းတောင်း မြို့နယ် အမျိုးသားညီညွတ်သော ဒီမိုကရက် တပါတီ ဥက္ကဌဖြစ်သလို တပ်ထောက်ခံသူတဦးလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KBC ဥက္ကဌဟောင်းကို စစ်ကောင်စီက မတရားအသင်း ဥပဒေ ၁၇ (က) နဲ့ အမှုဖွင့်ထားတယ်လို့ဆို

မန္တလေး လေဆိပ်မှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) နဲ့အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ KBC [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာရှလမ်းပိတ်နေလို့ မြဝတီကတဆင့် ထိုင်းကိုသွား မယ့် MOU လုပ်သားတွေအခက်တွေ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲ ဖြစ်နေပြီး အာရှလမ်းပိတ်ထားရတာကြောင့် မြဝတီမြို့ကနေ တဆင့် ထိုင်းကိုသွားရမယ့်  MoU အလုပ်သမားတွေ အခက်တွေ့နေပြီး လတ်တလော သွားမရဖြစ်နေကြတယ်လို့ အလုပ်သမားတွေနဲ့ MoU အလုပ်သမားအရေး ကူညီ ပေးနေသူတွေကပြောပါတယ်။ “အိမ်ပြန်ရုံပဲ၊ လမ်းဖွင့်မှပြန်လွှတ်မှာပါ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဌ အပါအဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ပြန်လွှတ်ပြီ

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ လ ၂ ရက်နေ့ကတည်းက ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ထားတဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို မနေ့ကနဲ့ ဒီနေ့မှာပြန်လွှတ်လိုက်ပြီလို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးက DNA ကို အတည်ပြုပြောပါတယ်။ “ဝန်ကြီးချုပ်ကို ဒီနေ့လွှတ်မယ် ၊ [ဆက်လက်ဖတ်ရှုရန်]