နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေအားလုံးအတွက် ဒီနေ့အပြီးသတ်အမိန့်ချမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီးနောက်စွဲဆိုထားတဲ့ အမှုပေါင်း ၁၉မှု ထဲက နောက်ဆုံးအမှုတွေဖြစ်တဲ့ အဂတိအမှုငါးမှုကိုဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်အမိန့်ချ မှတ်မှာဖြစ်တယ်လို့ တရားရေးနဲ့နီးစပ်သူတွေကပြောပါတယ်။   ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဥရောပကို စွန့်ခွာပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ထဲ ဝင်ရောက်ဖို့ ရုရှား စဉ်းစားနေ

ရုရှား ဘောလုံး သမဂ္ဂ (RFU)ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ပြီး အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)ဆီ ပူးပေါင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရ ကြယ်ပွင့်ဟောင်းကြီး ပီလီ ကွယ်လွန်

ဘရာဇီးမှာသာ မကဘဲ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးရဲ့ ဂန္ထဝင် ကြယ်ပွင့်ကြီးအဖြစ် အသိအမှတ်ပြု ခံရသူ ပီလီဟာ အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆာအိုပေါ်လိုမြို့က အဲလ်ဘတ်အိုင်းစတိုင်း ဂျူးဆေးရုံမှာ တက်ရောက် ကုသမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာနယ် ပိုဝရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝရွာမှာ စီးနင်းတပ်စွဲထားတဲ့ စစ်တပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အဲ့ဒီမြို့နယ် အခြေစိုက် ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပိုဝရွာကို စစ်ကြောင်းထိုးလာချိန် ရွာထဲပိတ်မိနေသူတွေ ရှိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နှစ်လနဲ့အထက် ခရီးထွက်ခဲ့သူတွေ အထောက်အထားမပြနိုင်ရင် ဖမ်းမယ်လို့ ပြည်မြို့မှာ ကြေညာ

အခြေချနေထိုင်ရာ မြို့နယ်အတွင်းကနေ နှစ်လကြာ ခရီးထွက်ခဲ့သူတွေ အထောက်အထား မှန်မှန်ကန်ကန် မဖော်ပြနိုင်ရင် ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးက ဒီဇင်ဘာ (၂၈) ရက်မှာ လိုက်လံကြေညာခဲ့တယ်လို့ ပဲခူးတိုင်း၊ ပြည်မြို့ခံတွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြိုု့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့မှာ ရပ်ကွက်ရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူနှစ်ဦး တလနီးပါးကြာချိန်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ဝေါမြို့ ကန်တော်ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က ဖမ်းသွားတဲ့ CDM ဝန်ထမ်းတဦးနဲ့ မြို့ခံတဦးကို တလနီးပါးကြာချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။ ဝေါမြို့၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အခုလ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီနယ်က စစ်ရှောင်တွေ ဆေးဝါးပြတ်လပ်နေ

ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ကနီမြို့နယ်အတွင်း အဲ့ဒီမြစ်ထဲမှာ သောင်တင်ပြီး တပ်ချထားလို့ ရက်ရှည်တိမ်းရှောင်နေရတဲ့ ဒေသခံတွေ ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကနီဒေသခံတဦးက ပြောပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်ဆိုတာကြောင့် အခုလ (၁၇) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက် နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ကာလအတွင်း စစ်တပ်က အင်အားနဲ့ရိက္ခာ ဆက်တိုက်ဖြည့်နေလို့ တိုက်ပွဲပြန်ဖြစ်မှာ ဒေသခံတွေ စိုးရိမ်

ရခိုင်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်ထားချိန် အာဏာသိမ်းစစ်တပ်က လက်နက်၊ ရိက္ခာနဲ့ စစ်သားတွေ ဖြည့်တင်း နေရာချထားတာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

မအလရဲ့ ကြွေးကြော်ချက် (မအလ – ဇော်မဲလုံး နှစ်ပါးခွင်)

သတ်မတော်ကာကွယ်ရေးဦးစီးချုပ်(သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီးမအလ၏ ရုံးအခန်းအတွင်းသို့ ဇော်မဲလုံး တစ်ယောက် ခပ်သုတ်သုတ်ဝင်လာသည်။ “အဘ” ဇော်မဲလုံး၏ ခေါ်သံကြားသဖြင့် စားပွဲမှာထိုင်လျက် စာရေးနေသော သတ်ချုပ်မအလ မျက်လုံးကို တစ်ချက်ပင့် ကြည့်ပြီးနောက် မူလတည်ရာစာရွက်ပေါ်သို့ အကြည့်ကိုပြန်ရွှေ့ကာ စကားဆိုသည်။ “ငါပြောထားတဲ့ လျှပ်စစ်ကားတွေ [ဆက်လက်ဖတ်ရှုရန်]