၉၊ ဩဂုတ်လ၊ ၂၀၂၁။
ဒီနေ့ ဩဂုတ်လ ၁၀ရက်နေ့ မနက် ၁၀နာရီ ဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကားကြီးကွင်းအနီး ကြူတောစစ်အုပ်စုဂိတ် ဗုံးခွဲခံရပြီး နှစ်ဦး သေ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး သေဆုံးခဲ့ပြီး မီးသတ်တစ်ဦးနဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“သေသွားတဲ့ ရဲတစ်ယောက်က ဒုရဲအုပ်လို့ သိရတယ်။ ကျန်တဲ့သူတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။ ဗုံးပစ်ပြီးတော့ သေနတ်နဲ့ ပစ်ခတ်တာမျိုးတွေလည်း ရှိတယ်။ ပစ်သွားတဲ့သူတွေကိုတော့ မမိဘူး ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပြီးနောက် စစ်အုပ်စုတပ်တွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။