၂၄၊ဒီဇင်ဘာ၊၂၀၂၀။
ပုသိမ်မြို့မှာမနေ့က(၁၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။
ရောဂါတွေ့သူတွေထဲမှာ ပုသိမ်ကွမ်းခြံနေထိုင်တဲ့အသက်(၂၁)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ ဆားစက်က ဝန်ထမ်းတစ်ဦးဖြစ်ပြီးအနံပျောက်လာတာကြောင့်ပုသိမ်ဆေးရုံကိုလာရောက်ပြသခဲ့တာဖြစ်ပါတယ်။
ရှင်ပင်ဘုန်းပွင့်လမ်းကအသက်(၂၆)နှစ်အရွယ် ပြင်ပဆရာ၀န်တစ်ဦးဟာ အနံပျောက်တာ(၂)ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့Gym Trainerတွေနဲ့ထိတွေ့မှုရှိတယ်လို့သိရပါတယ်။
ရောဂါပိုးရှိသူနဲ့အဆောင်အတူနေလို့အသွားအလာကန့်သတ်ထားတဲ့အထည်ချုပ်၀န်ထမ်းနှစ်ဦးမှာရောဂါတွေ့ခဲ့ပါတယ်။ကင်မလင်းကျွန်းငုဝါ(၃)လမ်းမှာနေထိုင်တဲ့ဟွာဘိုတိုင်းစက်ရုံက အသက်၂၆နှစ်အရွယ်အမျိုးသမီးနဲ့မြန်မာနစ်တင်းသိုးမွှေးစက်ရုံက (၂၄)နှစ်အရွယ်အမျိုးသမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။
ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့တဂေါင်းဘုရား ရွာသာယာက အသက်(၁၅)နှစ်အရွယ်အမျိုးသားအသက်(၃၆)နှစ်အရွယ်အမျိုးသမီး၊ထန်းကုန်းလေး(၃)လမ်းက၄၈နှစ်အရွယ်အမျိုးသမီး၊ ပျဥ်းကတိုးကုန်းက(၄၂)နှစ်အရွယ်အမျိုးသားနဲ့(၅)နှစ်အရွယ်သူ့ရဲ့သမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။
ပုသိမ်ဆေးရုံရဲ့ Lock Downချထားတဲ့အဆောင်(၂)မှာ အသွားအလာကန့်သတ်ထားတဲ့ ကျောင်းကုန်းအိုးဘိုရွာကအသက်(၂၀)အရွယ်အမျိုးသား၊ရွှေဘုံသားအတွင်းလမ်းက အသက်(၆၃)နှစ်အရွယ်အမျိုးသားနဲ့ကင်မလင်းကျွန်းက(၄၂)အရွယ်အမျိုးသမီးတို့ကိုစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။
လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၃၈)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၄၆၉)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။