ပုသိမ်ကိုဗစ်လူနာသစ်(၁၂)ဦးတိုး၊ တစ်ဦးသေဆုံး

၂၅ ၊ ဒီဇင်ဘာ ၊၂၀၂၀ ။

ပုသိမ်မြို့မှာ မနေ့ကကိုဗစ်လူနာသစ်(၁၂)ဦးတွေ့ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်မြို့မရဲစခန်းမှာ အချုပ်ကြနေစဥ်ရောဂါတွေ့ခဲ့တဲ့ လူနာအမှတ်(၅၇၈)နဲ့ ဆက်စပ်ပြီး သူ့ရဲ့မိခင်ဖြစ်သူ၊ ညီနှစ်ယောက်နဲ့ ညီမဖြစ်သူမှာပါ ရောဂါတွေ့ရှိခဲ့တာပါ။

ငုဝါ(၃)လမ်းက ရောဂါရှိသူနဲ့ အဆောင်အတူနေခဲ့တဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးမှာလည်း ရောဂါတွေ့ခဲ့ပါတယ်။ မြန်မာနစ်တင်းသိုးမွှေးစက်ရုံကအထည်ချုပ်၀န်ထမ်းဖြစ်ပြီး ပိုးတွေ့သူတွေနဲ့အတူနေရာမှကူးစက်ခဲ့တာပါ။

ပုသိမ်မြို့မှာအနံပျောက်လို့လာပြတဲ့ ဥမ္မာဒန္တီ(၁)လမ်းကကွမ်းယာရောင်းတဲ့ အသက်(၄၃)နှစ်အရွယ်အမျိုးသား၊ သုံးဘီးဆိုင်ကယ်မောင်းသူ ကျောက်စရစ်ကုန်းက(၃၉)နှစ်အရွယ်အမျိုးသား၊ ပြည်တော်သာမှာနေထိုင်တဲ့ချိုင်မွန်စပေါ့ အထည်ချုပ်စက်ရုံက (၂၅)နှစ်အရွယ်အမျိုးသား၊ မြောင်းမြဘုန်းကြီကျောင်းမှာနေထိုင်တဲ့အသက်(၂၁)အရွယ်အမျိုးသားနဲ့ အောင်ချမ်းသာ(၅)လမ်းက အသက်(၂၈)နှစ်အရွယ်အမျိုးသားနဲ့ သူ့ရဲ့ဇနီး အသက်(၂၇)နှစ်အရွယ်တို့မှာလည်း ရောဂါတွေ့ခဲ့ပါတယ်။

ရန်ကုန်အရှေ့ဒဂုံမြို့နယ်ကနေ ပုသိမ်ကိုပြန်လာတဲ့ အသက်(၆၂)အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်မှာရှိတဲ့ သမီးဖြစ်သူဆီကိုပြန်လာတာဖြစ်ပြီး ယခုပုသိမ်တိုင်းရင်းဆေးရုံမှာတက်ရောက်နေပြီလို့သိရပါတယ်။

ပုသိမ်ဆေးရုံရဲ့lockdownအဆောင်(၂)မှာ တက်ရောက်နေတဲ့ ရွေဘုံသာအတွင်းလမ်းနေ အသက်(၆၃)အရွယ်အမျိုးသား လေဖြတ်လူနာတစ်ဦး သေဆုံးခဲ့ပါတယ်။ သူ့ဟာ ကိုဗစ်ကူးစက်ခံရတဲ့အပြင် လေဖြတ်ထားကာ အောက်စီဂျင်ကြနေတာကြောင့် ကုသပေးနေရပြီး ဒီနေ့နံနက်ပိုင်းမှာကွယ်လွန်ခဲ့တာပါ။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၅၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၄၇၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။