ကျန်းမာရေး

ပုသိမ်အထည်ချုပ်၀န်ထမ်းတွေနဲ့ ဆရာဝန်တစ်ဦးပါ၀င်လာတဲ့ကိုဗစ်လူနာ(၁၂)ဦး

၂၄၊ဒီဇင်ဘာ၊၂၀၂၀။ ပုသိမ်မြို့မှာမနေ့က(၁၂)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ရောဂါတွေ့သူတွေထဲမှာ ပုသိမ်ကွမ်းခြံနေထိုင်တဲ့အသက်(၂၁)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ ဆားစက်က ဝန်ထမ်းတစ်ဦးဖြစ်ပြီးအနံပျောက်လာတာကြောင့်ပုသိမ်ဆေးရုံကိုလာရောက်ပြသခဲ့တာဖြစ်ပါတယ်။ ရှင်ပင်ဘုန်းပွင့်လမ်းကအသက်(၂၆)နှစ်အရွယ် ပြင်ပဆရာ၀န်တစ်ဦးဟာ အနံပျောက်တာ(၂)ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့Gym Trainerတွေနဲ့ထိတွေ့မှုရှိတယ်လို့သိရပါတယ်။ ရောဂါပိုးရှိသူနဲ့အဆောင်အတူနေလို့အသွားအလာကန့်သတ်ထားတဲ့အထည်ချုပ်၀န်ထမ်းနှစ်ဦးမှာရောဂါတွေ့ခဲ့ပါတယ်။ကင်မလင်းကျွန်းငုဝါ(၃)လမ်းမှာနေထိုင်တဲ့ဟွာဘိုတိုင်းစက်ရုံက အသက်၂၆နှစ်အရွယ်အမျိုးသမီးနဲ့မြန်မာနစ်တင်းသိုးမွှေးစက်ရုံက (၂၄)နှစ်အရွယ်အမျိုးသမီးတို့မှာရောဂါတွေ့ခဲ့ပါတယ်။ ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့တဂေါင်းဘုရား ရွာသာယာက အသက်(၁၅)နှစ်အရွယ်အမျိုးသားအသက်(၃၆)နှစ်အရွယ်အမျိုးသမီး၊ထန်းကုန်းလေး(၃)လမ်းက၄၈နှစ်အရွယ်အမျိုးသမီး၊ [ဆက်လက်ဖတ်ရှုရန်]