မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီက ရှစ်ဆယ်ထက်မနည်းသေပြီး မိုးဗြဲ PDF က ကိုးဦးကျဆုံး

မိုးဗြဲမြို့က တလနီးပါးကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဆယ်ထက်မနည်းသေဆုံးခဲ့ပြီး အ များအပြားဒဏ်ရာရရှိကာ မိုးဗြဲ PDF ဘက်က ကိုးဦးကျဆုံးတယ်လို့ မိုးဗြဲ PDF က ဒီကနေ့သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်မှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ အရေအတွက်ကို အတိအကျဖော်ပြမထားပေမယ့် တော်လှန် ရေး မဟာမိတ်တပ်ပေါင်းစုတွေဘက်က စိုးရိမ်ရဒဏ်ရာရသူ ဆယ်ဦးရှိပြီး (၅၄) ဦးက မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရခဲ့ ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် မိုးဗြဲတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ KNDF တပ်ဖွဲ့ဝင်တဦးလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ လက် နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူ (၁၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး (၁၀)နှစ်အောက်ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲကြောင့် မိုးဗြဲမြို့တွင်းနေအိမ် ၁၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦးတွေလည်း ပျက်ဆီးခဲ့ရ တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ရေးအခြေအနေဆက်လက်တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲတွေဆက်ဖြစ်နိုင်သေးတယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးDNA က မိုးဗြဲ PDF ကို ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရ သေးပါဘူး။

ရက်ရှည် တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့တိုက်ပွဲတွေအတွင်းမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDFအပါအဝင် ဖယ်ခုံ PDF၊ KNDF ၊ KA ၊ လွိုင်ကော် PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF ၊ DMO PDF၊ KGZ နဲ့ URF စတဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။