တရားမဝင် သစ်တင်ကားတစ်စီးကို KNDF ဖမ်းဆီးမိ

ကယားပြည်နယ်၊ လွိုင်ကော်ကနေ မိတ္ထီလာဘက် တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ကားတစ်စီးကို ဖမ်းဆီးမိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF-Pekhon Zone) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန် ၂၅ ရက်နေ့မှာ KNDF တပ်ရင်း (၃) လုံခြုံရေးဆောင်ရွက်ရာ လမ်းတစ်လျှောက် မကြာခဏ ဖြတ်သန်းသွား လာနေတာတွေ့ရတဲ့ကားကို ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင်သစ်တွေ ခိုးယူတင်ဆောင်လာတာ တွေ့ရကြောင်း သိရပါတယ်။
ယာဉ်မောင်းကို တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဉ်မောင်းလုပ်ကိုင်တာကလွဲပြီး ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိတာကြောင့် KNDF မူဝါဒနဲ့အညီ ခံဝန်ကတိနဲ့ ဒီနေ့ ပြန်လွတ်ပေးခဲ့ကြောင်း သိရပါတယ်။
KNDF တပ်ရင်း (၃) နယ်မြေအတွင်း အလားတူဖြစ်ရပ်မျိုး ထပ်မံတွေ့ရှိပါက ထိရောက်စွာအရေးယူသွားမယ်လို့ သိရပါတယ်။