ကျောက်တန်းပျူခေါင်းဆောင်ဆိုသူကို ဒေသတွင်းပြောက်ကျားတွေတိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ကျောက်တန်းမြို့ ပျူစောထီးခေါင်းဆောင်ဆိုသူကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
မနေ့ည၇နာရီမိနစ်၂၀လောက်က ကျောက်တန်းမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဆိုသူ စိုးပိုင် ကို ကျောက်တန်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ ဇာတိသွေးအဖွဲ့တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စိုးပိုင်မှာ လွတ်မြောက်သွားပြီး သူ့နေအိမ်ရှေ့ရပ်ထားတဲ့ ကားသာ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း KPDF ကထုတ်ပြန်ပါတယ်။
KPDFအနေနဲ့ရှေ့ဆက် ပြီးအကြမ်းဖက်စစ်အုပ်စုကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက ပြောကြောင်းခရမ်းချန်နယ်ကဖော်ပြပါတယ်။