သပြေကန်ရွာ ရဲစခန်းကို သန်လျင် ပကဖ မီးရှို့ဖျက်ဆီး

ရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ၊သပြေကန်ကျေးရွာ ရဲစခန်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။
ယမန်နေ့ ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာသပြေကန်ကျေးရွာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်အုပ်စုခန့် ထောက်တိုင် အုပ်ချုပ်ရေးမှူး ကျော်မင်း ရဲ့နေအိမ်ရှေမှာ သေနတ်နဲ့ ၅ ချက်တိတိပစ်ဖောက် သတိပေးခဲ့ကြောင်း သန်လျင် ပကဖက ထုတ်ပြန်ပါတယ်။
သန်လျင်မြို့နယ်အတွင်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ၊ သန်လျင်မြို့ရှိ အုပ်ချုပ်ရေးဒေါက်တိုင်များ အားလုံး နှုတ်ထွက်ကြထို့ နောက်ဆုံးအကြိမ် ပြင်းထန်စွာ သတိပေးကြောင်း သန်လျင်ပကဖ ကဆိုပါတယ်။