ကော့မှူးနဲ့ခရမ်းမှာ စစ်အုပ်စုပစ်မှတ်တွေကိုတိုက်ခိုက်၊၃ဦးထက်မနည်းသေ

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးနဲ့ ခရမ်းတို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ ၃ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် ရဲနဲ့စစ်သားတို့ကို ဒီဇင်ဘာ ၆ ရက် ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ကနဦးစုံစမ်းသိရှိချက်အရ ရဲ၃ ဦး သေဆုံးကာ တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် ခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်ရှိ အကြမ်းဖက် ရဲနဲ့ စစ်သားတို့ပူးပေါင်း တပ်စွဲထားတဲ့ သစ်တောဂိတ်ကို ဒီဇင်ဘာလ ၆ ရက် ည ၈ နာရီလောက်မှာ ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူထိခိုက် သေဆုံးမှု ရှိပေမဲ့ အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ခရမ်းမြို့၊သစ်တောဂိတ်ကို ခရမ်းPDF က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မကြာမီ အမှတ်(၆) ရပ်ကွက်သံလမ်းဈေးနားမှာ အကြမ်းဖက်စစ်တပ်က သေနတ်၃ချက်ဖောက် ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကထုတ်ပြန်ပါတယ်။

‘ဆိုင်ကယ်မောင်းလာတဲ့လူတစ်ဦးကိုရပ်ခိုင်းပြီး ဒီအချိန်ဘယ်လဲ၊ဘာညာနဲ့ ဆဲဆိုပြီး ကားပေါ် ဆွဲခေါ် သွားတယ်’လို့ ခရမ်းပြည်သူတစ်ဦးကပြောပါတယ်။

ကော့မှူးနဲ့ခရမ်းစစ်ရေးလှုပ်ရှားမှုဟာပျံလွှားအောင် စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်ပြီး

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေးကို ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်

ပြည်သူလူထုအနေနဲ့ သံပုံးတီးခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ စစ်အုပ်စုစီးပွားရေးထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်ခြင်းစတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ပေးကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ပံ့ပိုးကူညီကြဖို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။