ထီးချိုင့်အုပ်ကြီး အားလုံးနီးပါးနုတ်ထွက်ပြီ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ထီးချိုင့်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးအားလုံးနီးပါးနုတ်ထွက်ပြီးပြီလို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စက်တင်ဘာ၃၀ရက် နောက်ဆုံးထား နုတ်ထွက်ကြ ဖို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာခဲ့ပြီးနောက် ၂၅ယောက်နုတ်ထွက်ခဲ့ပြီး ၁၁ယောက်ကျန်ခဲ့ပါတယ်။

ကျန်ရှိနေသူတွေအနေနဲ့ အောက်တိုဘာ၁၅ရက်နောက်ဆုံးထားနုတ်ထွက်ကြဖို့ ထီးချိုင့်ပြည်သူ့ကာကွယ် ရေးတပ်က ထပ်မံကြေညာပြီးနောက်မှာ အုပ်ချုပ်ရေးမှူး အားလုံးနီးပါးနုတ်ထွက်ပြီးပြီလို့ ဒီနေ့မှာ ကြေညာခဲ့ပါတယ်။

‘ကျွန်တော်သိရသလောက် ဒီနေ့မှာ နုတ်ထွက်ဖို့အလွန်ဆုံးကျန်ရင် တစ်ယောက်၊နှစ်ယောက်ပါပဲ၊နုတ်ထွက် စာတင်ကြတယ်။မနေ့ညက                   ကင်းမီးရှို့လိုက်တာရော၊ဒီနေ့မနက် ရဲစခန်းလက်နက်ကြီးမှန်တာတွေရဲ့ သက် ရောက်မှုလို့ထင်ပါတယ်’လို့ ထီးချိုင့်မြို့ပေါ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်၄နာရီကျော်မှာ ထီးချိုင့်မြို့ပေါ်က မြို့မရဲစခန်းထဲလက်နက်ကြီးကျည်ကျခဲ့ပြီး ယမန်နေ့ည၈နာရီက ထီးချိုင့်မြို့နယ်၊အလယ်တောရွာရဲကင်းမီးရှို့ခံခဲ့ရပါတယ်။

ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲကင်းမီးရှို့တာကိုရောမြို့မရဲစခန်းထဲ လက်နက်ကြီးကျည်နှစ်ချက် ပစ်ခတ်တာကိုပါ သူတို့လုပ်ဆောင်ခဲ့တာလို့ ကြေညာပါတယ်။

ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ CDMရဲ ၂၀ကိုလက်ခံထားပြီး ထပ်မံပူးပေါင်းလိုတဲ့ရဲတပ်ဖွဲ့ဝင် တွေလည်းဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။