စစ်အုပ်စုရဲ့ လုံလဲရ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ စစ်အုပ်စုက ၁၂ယောက်သေ

၁၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်စခန်းတစ်ခုကို CAN/CDF- Thantlang တို့က စက်တင်ဘာလ ၁၁ရက်နေ့ ည ၉နာရီ ၃၀မိနစ်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF- Thantlang က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၁၁ရက်နေ့ ည ၇နာရီ၁၅မိနစ်ခန့်က စတင်ပြီး CAN/CDF- Thantlang တို့က လုံလဲရ်စခန်းကို အင်အား ၄၀၀ခန့်နဲ့

ဝင်ရောက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်အုပ်စုဝင် ၁၂ဦး သေဆုံးခဲ့ပြီး CAN/CDF- Thantlang ဘက်က အကျအဆုံးမရှိဘူးလို့ သိရပါတယ်။

လုံလဲရ်စခန်းကို စက်တင်ဘာလ ၁၀ရက်နေ့ကလည်း တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးနေစဉ်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီးနောက် အခုလို ထပ်မံဝင်ရောက် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Delta News Agency

Read Previous

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၀၀ကျော်အတွင်း သေဆုံးသူ ၁၀၈၀ဦးရှိလာ

Read Next

နည်းပြဘဝ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲရခဲ့တဲ့ မော်ရင်ညို