စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၀၀ကျော်အတွင်း သေဆုံးသူ ၁၀၈၀ဦးရှိလာ

၁၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ဖေဖော်ဝါရီ (၁)ရက်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၁၀၈၀)ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ စက်တင်ဘာ (၁၁)ရက်က ထုတ်ပြန်ပါတယ်။

သေဆုံးသူစာရင်းမှာ တနင်္သာရီတိုင်း‌‌လောင်းလုံမြိုနယ်နဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တို့က သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ (၁၈)ဦးရဲ့ အချက်အလက်တွေပါ ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

သေဆုံးမှုတွေအပြင် ဖမ်းဆီးခံရသူ (၆၃၉၈)ဦးရှိပြီး အဲ့ဒီထဲက (၂၇၂)ဦးကတော့‌ထောင်ဒဏ်သတ်မှတ်ခံ ထားရပါတယ်။

အပြစ်ဒဏ်ကျခံရသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေး (၂)ဦးအပါအဝင် (၂၆)ဦးကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေရသူ (၁၉၈၄)ဦးထိရှိနေပါသေးတယ်။

အာဏာသိမ်းတာရက်ပေါင်း (၂၂၃)ရက်ရှိလာချိန်မှာတော့ မြန်မာနိုင်ငံတဝှမ်းတိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး အခုသီတင်းပတ်အတွင်း ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ၊ ဒလန်လို့နာမည်ကြီးသူတွေ အသတ်ခံရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

Delta News Agency

Read Previous

စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ် အိမ်ပြန်ခရီးဟာ လူငယ်တွေအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဖွင့်ဟ

Read Next

စစ်အုပ်စုရဲ့ လုံလဲရ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ စစ်အုပ်စုက ၁၂ယောက်သေ