စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အကာကွယ်ယူလိုတဲ့ ဘယ်သူမဆို KNUကူညီမယ်

၄၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို KNU က လက်တွဲဆောင်ရွက်ပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အကာကွယ်ယူလိုတဲ့ ဘယ်သူ့ကိုမဆို ကူညီသွားမယ်လို့ KNUက စက်တင်ဘာလ ၃ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မြှင့်တင်ဖို့ ခိုင်မာတဲ့ ကတိနဲ့ လိုက်နာဆောင်ရွက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲကာ အာဏာရှစ်စနစ်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့ KNU က ထုတ်ပြန်ကြေညာပါတယ်။

 

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အကာကွယ်ယူလိုတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်တဲ့ဘက်ကနေ အကူညီပေးပြီး ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်အေးချမ်းရေးကို လုပ်ဆောင်ဖို့ နည်လမ်းသစ်တွေကို ရှာဖွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ တရားမျှတမှုအတွက် တတ်နိုင်တဲ့ဖက်ကနေ ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသပေးဖို့ကိုလည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။