ကျောက်ကြီးမှာ စစ်ကောင်စီလက်ချက်နဲ့ တရက်တည်းအရပ်သားခြောက်ဦးသေဆုံး

ဇန်နဝါရီ ၊ ၁၈

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်(KNUလယ်ဒိုမြို့နယ်)မှာ စစ်ကောင်စီလက်ချက်နဲ့တရက်တည်းအရပ်သား ခြောက်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၃ နယ်မြေ လယ်ဒိုမြို့နယ်ထဲက အနန်းဘော်ရွာထဲကို ဇန်နဝါရီ  ၁၆ရက်ညနေပိုင်းမှာ စစ် ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ရွာခံအမျိုးသားလေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွှေဝါတပ်ရင်းကနေ အနန်းဘော်ရွာထဲကို  လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တာကြောင့် ရွာထဲ လက်နက်ကြီးကျပြီး အသက် သုံးဆယ်ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်မာမာဦးဆိုသူနဲ့ ကိုစိုးအောင်တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေဟာ မောင်ဇော်မင်းသိန်း၊ဖိုးဇော်တို့နှစ်ဦးနဲ့ နောက်ထပ် အမည်ဆက် လက်စုံစမ်းနေဆဲ အနန်းဘော်ရွာခံတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်ပြီးဒေသခံတွေကိုသတ်ဖြတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ မ လုပ်ခင် အဲ့ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီက ဘောကထာစခန်းမှာ လေကြောင်းကနေ အထုပ်နှစ်ထုပ်ချပေးခဲ့ သေးတယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာတွေထဲဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အနန်းဘော်ရွာခံတွေရွာလုံးကျွတ်ထွက်ပြေးနေရပြီး ရွာထဲမှာ စစ်ကောင်စီတပ်တွေပဲ ရှိနေတော့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီဟာ လယ်ဒိုမြို့နယ်အတွင်းက ဖိုးတကျေးရွာထဲကိုလည်း ပပိန်းဇလုပ်နဲ့ နတ်သံကွင်းအ ခြေ စိုက် စစ်ကောင်စီစခန်းတွေကနေ ဇန်နဝါရီ ၁၄ရက်နဲ့ ၁၅ရက်  နှစ်ရက်ဆက် ၁၂၀ မမလက်နက်ကြီးတွေနဲ့ ပစ် ခတ်ခဲ့ သေးတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၃နယ်မြေ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေမှာာ လတ်တလောရက်တွေအတွင်း နှစ်ဖက်တိုက်ပွဲ တွေ ဆက်တိုက်ရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ KNU ကထုတ်ပြန်ထားသလို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း DNAကို ပြောထားပါတယ်။

ပဲခူးတိုင်း မူးမြို့ အနီးတဝိုက် နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းမြို့တွေကြားမှာ အခုလဆန်းပိုင်းက KNLA နဲ့ပူးပေါင်းတပ် တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ တင့်ကားနှစ်စီးနဲ့ သံချပ်ကာကားတစီး  ပျက်စီးခဲ့တယ်လို့ KNU ကမနေ့ က ထုတ်ပြန်ထားပါသေးတယ်။

KNU ရဲ့ အုပ်ချုပ်နယ်မြေ ခရိုင်ခုနစ်ခုလုံးမှာ လတ်တလော နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပေမယ့် စစ်ရေးသတင်းအချက်အလက် လုံခြုံရေးအရ သတင်းတွေကို အချိန်နဲ့တပြေးညီမထုတ် ပြန် တာလို့လည်း ရှင်းပြထားပါတယ်။

KNU တပ်မဟာ ၁နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ သိမ်ဇရပ်မြို့အခြေစိုက် အမြှောက် တပ် အမတ ၃၁၀က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် သုံးခွကျေးရွာက တက္ကသိုလ်ဝင်တန်းကျောင်း သားတဦးနဲ့ အရပ်သားတဦး လက်နက်ကြီးစထိမှန်ဒဏ်ရာတွေရခဲ့သေးတယ်လို့ KNU က ဒီကနေ့မှာပဲ ဆက်လက်ထုတ်ပြန်ထားပါတယ်။