ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၀)ဦးသေဆုံး 

၁၂၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၂ရက်နေ့က ကိုဗစ်လူနာ (၁၀)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၄)ဦး ၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၆)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၁၀)ဦးအပါအ၀င် စုစုပေါင်း (၁၀၂၀)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

မြန်မာပြည်သူ​တွေကို ကူညီဖို့ ရန်ပုံငွေ ဒေါ်လာ ၈၆သန်း ရရှိရေး ကြိုးပမ်းနေတယ်လို့ WFP ထုတ်ပြန်

Read Next

၇နှစ်ကြာပြီးနောက် ပေါင် ၉၈ သန်းနဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ချဲလ်ဆီးအသင်း ပြန်လည် ခေါ်ယူ

Most Popular