ပြင်သစ်Total ကုမ္ပဏီက မြန်မာစစ်တပ်ပိုင်လုပ်ငန်းကို အမြတ်ငွေပေးချေမှု ရပ်ဆိုင်း

၂၇ ၊ ​မေလ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး မတည်ငြိမ်တဲ့ ​အ​ခြေအ​နေ​တွေ​ကြောင့် သဘာဝဓါတ်​ငွေ့တင်ပို့မှု အမြတ်​​ငွေ​တွေကို မြန်မာစစ်တပ်ကို ​ပေး​ချေဖို့ ဆိုင်းငံ့လိုက်ပြီလို့ ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total က ​မေလ ၂၆ရက်​​နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရတနာသဘာဝဓါတ်​ငွေ့တွင်းက​နေ ထိုင်းမြန်မာနယ်စပ်ဆီ ပို့​ဆောင်တဲ့ မုတ္တမသဘာဝဓါတ်​ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ MGTC ရဲ့ ရှယ်ယာအဖွဲ့ဝင်​တွေထဲမှာ ပြင်သစ်Total ကုမ္ပဏီ၊ အ​မေရိကန် Chevron ကုမ္ပဏီ၊ ထိုင်း PTTEP ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ​ရေနံနဲ့ သဘာဝဓါတ်​ငွေ့လုပ်ငန်း MOGE တို့ ပါဝင်ပါတယ်။

မေလ ၁၂ရက်​နေ့ အစည်းအ​ဝေးမှာ
Total နဲ့ Chevron ကုမ္ပဏီတို့ အဆိုပြုချက်အရ ​ ဧပြီ ၁ရက်​နေ့ကစပြီး MGTC အစုရှယ်ယာဝင်​တွေ ဖြစ်ကြတဲ့ Total ၊ Chevron ၊ PTTEP နဲ့ MOGE တို့ကို အမြတ်ရှယ်ယာ​ငွေ ​ပေး​ချေမှုအားလုံးရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

MOGE ကုမ္ပဏီဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အဓိက ဝင်​​ငွေရ​ပေါက်လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွား​နေတဲ့ လူ့အခွင့်အ​ရေးချိုး​ဖောက်မှု​တွေ ၊ အကြမ်းဖက်မှု​တွေကို ပြစ်တင်ရှုတ်ချ​ပြီး ဥ​ရောပသမဂ္ဂနဲ့ အ​​မေရိကန်အာဏာပိုင်​တွေချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုစည်းမျဥ်း​တွေနဲ့အညီ လုပ်​ဆောင်သွားမယ်လို့ Total ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။