တစ်ကမ္ဘာလုံးမှာ COVID -19 ရောဂါပိုးတွေ့ရှိသူ ၁၄သန်းကျော်ရှိလာပြီ

၁၈ ၊ ဇူလိုင်လ ၊ ၂၀၂၀။

တစ်ကမ္ဘာလုံးမှာ COVID -19 ရောဂါပိုးတွေ့ရှိသူဦးရေ ၁၄သန်းကျော်ရှိလာပြီး သေဆုံးသူစုစုပေါင်း ၆သိန်းကျော်အထိ ရှိလာပြီလို့ Johns Hopkins University က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၁၈ရက်နေ့က တစ်ရက်အတွင်း COVID -19 ရောဂါဖြစ်ပွားသူ ၂သိန်း ၃သောင်း ၇ထောင်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အစီရင်ခံခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့အရေအတွက်ဟာ ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

အမေရိကန် ၊ ဘရာဇီး နဲ့ အိန္ဒိယဟာ COVID -19ရောဂါဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာ အစဥ်လိုက် ရပ်တည်နေကြတာပါ။

လက်ရှိ အမေရိကန်နိုင်ငံမှာ COVID -19 အတည်ပြုလူနာစုစုပေါင်း ၃ ဒဿမ ၇သန်း သေဆုံးသူ ၁သိန်း လေးသောင်းကျော် ၊ ဘရာဇီးနိုင်ငံမှာ အတည်ပြုလူနာ ၂သန်းကျော် သေဆုံးသူ ၇သိန်း ၇သောင်းကျော်နဲ့ အိန္ဒိယနိုင်ငံမှာ အတည်ပြုလူနာ ၁သန်းကျော် သေဆုံးသူ ၂သောင်း ၆ထောင်ကျော်အထိ ရှိခဲ့ပါတယ်။

Ref : SCMP
Photo Credit – TRTWorld