သထုံက နယ်မြေရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရဲတဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ဧပြီ၊ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းကို ဒီကနေ့ ဧပြီလ ၂၇ ရက် မနက် ၉ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီး ချတိုက် ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တွေဆီ က သိရပါတယ်။

“ကျတာတော့ သုံးလေးလုံးလောက်ရှိတယ်၊ ရုံးပင် မအဆောက်အဦးနားအကျမှာ အဲဒီမှာ ရှိနေတဲ့ ရဲ တပ်ဖွဲ့တွေစကားပြောနေတဲ့ နေရာကို ကျတာ ငါးဦး

လောက်ထိသွားတာ၊ တဦးက ဆေးရုံအရောက်မှာ ဆုံးသွားတာ” လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ် သူတဦးက DNA ကို ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၂၅ နှစ်အရွယ်ရဲ တပ်ကြပ်ဖြစ်ပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရှိတဲ့သူတွေထဲမှာ ဒုရဲအုပ် တဦးလည်း ပါဝင်ပြီး ဒဏ်ရာရသူလေးဦးအနက် တဦးက ဒဏ်ရာပြင်းထန်ကာ ခြေထောက်ဖြတ်တောက်ရနိုင်တဲ့အတွက် အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

“ရဲတယောက် အခြေအနေမကောင်းဘူးလို့ပဲ သိ ထားရတယ်၊ သွေးထွက်လွန်နေတာ ကျန်တဲ့သူက ထိတော့ ထိတယ်၊ အများကြီးမဟုတ်ဘူး ပွန်း ပဲ့ကွဲပြဲတာလောက်ပဲ” လို့ အထက်ပါစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

သိမ်ဆိပ်နယ်မြေရဲစခန်းမှာ စခန်းမှူးအပါအဝင် ရဲတပ်သားစုစုပေါင်း နှစ်ဆယ်ထက်မနည်းရှိနေပြီး တခါတရံ စစ်ကောင်စီတပ်ဖွဲ့တချို့က အဲဒီစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်တပ်စွဲနေထိုင်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သထုံမြို့နယ် ဝင်းပကျေးရွာ ခမရ ၉ နဲ့ ဘီးလင်းမြို့နယ် ဇီးဝန်းအမြောက်တပ်တို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ခမရ ၉ နဲ့ ဇီးဝန်းအမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုအခြေအနေကို ပူးပေါင်းအဖွဲ့ဘက်ကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းကို DNA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိပါဘူး။

သိမ်ဆိပ်နယ်မြေရဲစခန်းကို လာရောက်ဗုံးချတိုက်ခိုက်ခဲ့တဲ့ Drone ကို သိမ်ဆိပ်နယ်မြေရဲစခန်းရဲ့ အရှေ့တောင်ဘက်မီတာ ၅၀၀ အကွာ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေက ဝါဒဖြန့်ထားပါတယ်။

သိမ်ဆိပ်နယ်မြေရဲစခန်းနဲ့ ဝင်းပအခြေစိုက် ခမရ(၉)တပ်ရင်းကို ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူးအပါအဝင် ရဲတပ်သားတချို့ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။