ပေါက်တောမှာ လူနေရွာထဲ လက်နက်ကြီးကျည်ကျလို့ လေးဦးထက်မနည်း ဒဏ်ရာရ

ဧပြီ ၊ ၂

ရက္ခိုင့်တပ်‌တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်​ပြည်နယ် ပေါက်တောမြို့နယ် မော်ထုတ်ကြီးရွာထဲကို စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦးအပါအ၀င် လေးဦး ပြင်း ထန်ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက DNAကို ပြောပါတယ်။

“ရွာထဲက လမ်းမနားမှာ ကျတာ၊ ခြေထောက်တွေမှာ ပဲ့ ထွက်သွားကြတယ်၊ ဒဏ်ရာတွေ အများကြီးပဲ၊ တော် တော်များတယ်” လို့ ရွာသားတဦးက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂ ရက် နေ့လည် ၁၂ နာရီကျော်မှာ စစ် တွေအခြေစိုက်စစ်‌ကောင်စီတပ်ရင်းတွေဆီကနေ ပေါက် တောမြို့နယ်ဘက်ကို လက်နက်ကြီးဆယ်ချက် ၀န်းကျင် လှမ်းပစ်ခဲ့ပြီး မော်ထုတ်ကြီးရွာထဲလေးလုံး ကျခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီရွာအနီး၀န်းကျင်ရှိ ကြိမ်ခွေမော်၊ ဒါးကိုင် ၊ နတ်တောင်ပြင်စတဲ့ရွာတွေအနီးမှာလည်း လက်နက်ကြီး ကျည်တချို့ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း ပေါက်တောမြို့နယ်ကျေးရွာတွေဆီ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့ပြီး သုံးဘီးဆိုင်ကယ်တစီး မီးလောင်ပျက်စီး ခဲ့ပါသေးတယ်။ 

ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ အရှေ့ဘက် ရေ မိုင် ၁၆ မိုင်၀န်းကျင်အကွာ၊ မြို့နယ်ချင်းကပ်ရပ်မှာ တည်ရှိပြီး ရခိုင်ပြည်နယ်အတွင်း AA က ပထမဆုံး သိမ်းပိုက်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ AA သိမ်းထားတဲ့ မြို့နယ်တွေရှိ လူ နေကျေးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်တွေ ခိုလှုံ ရာနေရာစတဲ့ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်ဘက်နေရာတွေကို လေကြောင်း၊ လက်နက် ကြီးတွေနဲ့ နေ့စဉ်ရက် ဆက် တိုက်ခိုက်နေတာပါ။

DNA က ကောက်ယူ၊ ပြုစုထားတဲ့ အချက်အလက် တွေ အရ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရိုဟင် ဂျာတွေအပါအ၀င် အရပ်သား ခြောက်ဆယ်၀န်း ကျင် သေဆုံးခဲ့ပြီးဒဏ်ရာရသူ ၁၇၀ ၀န်းကျင်ရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ခဲ့ရ တဲ့မြို့နယ် တွေ အပြင် တိုက်ပွဲဖြစ်ပွားမှုလုံး၀မရှိတဲ့မြို့နယ်တွေမှာလည်း အရပ်သားလူနေရွာတွေ၊ စျေးတွေနဲ့ စစ်ဘေးရှောင်စခန်း တွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေလုပ်နေပြီး အရပ် သားသေဆုံးရမှုတွေ ဆက်တိုက်ရှိနေပါတယ်။

ရခိုင်ဒေသနဲ့ပလက်ဝတို့မှာတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံး လတာကာလအတွင်း စစ်ကောင်စီ တပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်း ပေါင်းစပ် ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေ ကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်က ထုတ်ပြန်ထားပါတယ်။