ဘူးသီးတောင်က အကျဉ်းသား၊ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို စစ်တွေပြောင်းရွေ့

ဧပြီ၊ ၂

ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်နေတဲ့ ဘူးသီးတော င်မြို့နယ်က အကျဉ်းသားတွေ၊ တပ်မိသားစုဝင်တွေကို စစ်တွေမြို့ဆီ အလုံးအရင်းနဲ့ ပြောင်းရွေ့နေပြီး အဲဒီ ထဲမှာ စစ်ကောင်စီတပ်သားတွေ၊ လက်နက်ခဲယမ်းတွေပါ ကြားညှပ်သယ်ယူနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မြို့အကျဉ်းထောင်နဲ့ မြို့မ ရဲစန်းအချုပ်တို့ရှိ အကျဉ်းသား၊ အချုပ်သားတွေ အား လုံးကို မောင်တောမြို့နယ် ကညင်ချောင်းဆိပ်ကမ်း က နေတဆင့် စစ်ရေယာဉ်တွေနဲ့ ရွေ့ပြောင်းနေတာလို့ ဆိုပါ တယ်။

“အကျဉ်းသားတွေရော၊ အမိန့်မကျသေးတဲ့အချုပ်သား တွေရော အကုန်လုံးကို ရွေ့တာ၊ သုံးလေးရက်ဆက် တိုက်ရှိပြီ၊ စစ်သားတွေလည်း ကြားညှပ်ပါတယ်၊ စစ် တွေကို အင်အားဖြည့်တာထင်တယ်၊ အကျဉ်းသား တွေကတော့ ဓါးစာခံပေ့ါ” လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကတည်းက အဲ ဒီလို ပြောင်းရွေ့နေခဲ့တာဖြစ်ပြီး အကျဉ်းသား၊ အချုပ် သားပေါင်း ငါးရာဝန်းကျင်ရှိကာ စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင်အရေအတွက်ကိုတော့ တိတိကျကျမသိရ ဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဘူးသီးတောင်မြို့ပေါ်ကနေ ကားလမ်းအတိုင်း မောင် တောမြို့အနီး ကညင်ချောင်းဆိပ်ကမ်းဆီ သယ်ယူပြီး အဲဒီကနေ စစ်တွေမြို့ကို စစ်ရေယာဉ်တွေနဲ့ ပြောင်းရွေ့ နေတာလို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ မောင်တောဒေသခံတွေ က ပြောကြပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက် အောက်ခံတပ်ရင်း၊ တပ်စခန်းတွေကို AA က တိုက်ခိုက်၊ သိမ်းပိုက်နေချိန် အခုလို ပြောင်းရွေ့နေတာဖြစ်ပါတယ်။ 

စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)အခြေစိုက်ပြီး တပ်ရင်း ဆယ်ခုဝန်းကျင်ရှိတဲ့ ဘူးသီးတောင်မြို့နယ်မှာ တောင်ဘဇားရွာအခြေစိုက် ခမရ ၅၅၂ တပ်ရင်းဌာ န ချုပ်ကို AA က သိမ်းပိုက်ထားပြီး နောက်ထပ်တပ်ရင်း တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတာပါ။

“တပ်မိသားစုတွေကို ရသလောက် ပြောင်းနေတယ်ကြား တယ်၊ စစ်တွေရောက်ရင်လည်း ထပ်ရွေ့အုံးမယ် ထင် တယ်၊ သူတို့မထိန်းနိုင်တော့ရင်ဆိုပြီး ကြိုပြင်ဆင်တာ၊ ဒီအတိုင်းဆို ဘူးသီးတောင်ကလည်း မကြာလောက် တော့ဘူး”လို့ ဒေသတွင်းစစ်ရေးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

အချုပ်သားတွေ၊ တပ်မိသားစုဝင်တွေနဲ့ ကြားညှပ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ပြည် နယ်စစ်ကောင်စီအဖွဲ့ဝင်တွေနေထိုင်ပြီး အစိုးရရုံးစိုက်တဲ့ ပြည်နယ်မြို့တော် စစ်တွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင် တယ်လို့ သုံးသပ်ကြပါတယ်။

“ဘူးသီးတောင်၊ မောင်တောပါ ကျသွားရင် စစ်တွေ တခု တည်း ကျန်ခဲ့မှာဆိုတော့ ရှိသမျှအင်အားနဲ့ စုခံမယ့်ပုံစံ၊ တခြားဘယ်ကမှ စစ်ကူတောင်းလို့မရတော့ ဘူးသီး တောင်ကပဲ ယူတာ၊ တနေရာကို စစ်ကူရင် တနေရာက တော့ လက်လွှတ်ရမှာပဲ”လို့ ရခိုင်ဒေသခံစစ်တပ်အရာရှိ ဟောင်းတဦးက သုံးသပ်ပါတယ်။

AA ဟာ မြို့တော်စစ်တွေနဲ့ကပ်ရပ် အရှေ့ဘက်မှာရှိတဲ့ ပေါက်တော၊ မြောက်ဘက်မှာရှိတဲ့ ပုဏ္ဏာကျွန်း၊ အ နောက်ဘက်မှာ ရှိတဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်း ပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်မြောက်ပိုင်းမှာ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ပဲ စစ်ကောင်စီ ထိန်းချုပ်မှုအောက် တစိတ်တပိုင်း ကျန်နေတော့တာပါ။

စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိပြီး AA က ထိုးစစ်တွေ စတင်နေပြီဖြစ်တဲ့ အမ်းမြို့နယ်မှာလည်း မြို့ပေါ်ရဲစခန်းအချုပ်ထဲက အကျဉ်းသားတွေကို ပြောင်းရွေ့ခဲ့တာတွေ့ရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြောက်ဦးမြို့ကို AA ကသိမ်းပိုက်တုန်းကလည်း နိုင်ငံရေးအမှုနဲ့ တရားစွဲ ခံနေရတဲ့ ရဲစခန်းအချုပ်ထဲက ကိုဖိုးလပြည့်အပါအဝင် ခု နစ်ဦးကို ဖမ်းခေါ်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

photo -google