ကန့်ဘလူမှာအဓမ္မစစ်သားသစ် စုဆောင်း နေလို့ လူငယ်လူရွယ်တွေ ထွက်ပြေးတိမ်းရှောင်နေရ

မတ် ၊ ၂၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ဇီးကုန်း၊ ကန့်ဘလူ၊ ချပ်သင်းနဲ့ကိုးတောင်ဘို့စတဲ့ တိုက်နယ် တွေရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က သူတို့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတင်းအဓမ္မစစ်သားသစ်စုဆောင်းနေလို့ လူငယ်၊ လူရွယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ဒေ သခံ တွေကဆိုကြပါတယ်။

ကန့်ဘလူနယ်မှာ စစ်တပ်က အာဏာသိမ်းပြီး နှစ် နှစ်လောက်ကစလို့ ကျေးရွာတွေက လူငယ်တွေကို ပျူစောထီးသင်တန်းအတင်းအဓမ္မတက်ခိုင်းတာတွေရှိသလို စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက်ပိုင်း ပိုမိုဆိုးဝါးလာတယ်လို့ လုံခြုံရေးအရ အမည်မ ဖော် လိုတဲ့ ဇီးကုန်းတိုက်နယ် ဒေသခံ တဦးက ပြောပါ တယ်။

“ဒီစစ်မှုထမ်းဥပဒေဆိုတာမထွက်ခင်ကတည်းက ဒီဘက်မှာက တရွာကို လူဘယ်နှဦးဆိုပြီး ပေးရတာ တွေရှိတယ်။ အကုန်လုံးက အဆင်ပြေသလိုနေကြ

တာပေါ့ အခုကျမရတော့ဘူး အသက် ၁၈ နှစ်ကနေ ၃၅နှစ်လူရွယ်တွေဆို အတင်းခေါ်တော့ရွာလုံး ကျွတ် လူငယ်တွေထွက်ပြေးရတာတွေတောင်ရှိတယ် ” လို့ သူကပြောပါတယ်။

ကန့်ဘလူနယ်အတွင်းက ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေက လူငယ်လူရွယ်တွေကို စစ်သား အ သစ်အဖြစ် စစ်တပ်က အတင်းအဓမ္မ စုဆောင်း

နေသလို အသက်အရွယ်ကြီးရင့်သူတွေကိုတောင် ကင်းစခန်းတွေမှာ လုံခြုံရေးအဖြစ် ခေါ်ဆောင် တာ တွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

“ကျွန်တော်တို့ ဆီမှာက ကဏ္ဍနှစ်ခုရှိတယ်၊ စစ် ကြောင်း၀င်လို့ ထွက်ပြေးတဲ့ရွာရယ် စစ်တပ်က အ ထိုင်ချလိုက်လို့ထွက်ပြေးရတဲ့ရွာတွေဆိုတာရှိတယ်၊အခုထွက်ပြေးတယ်ဆိုတာက အထိုင်ချလိုက် တဲ့ရွာ ကလူငယ်တွေပါ ရွာကို ပြန်လို့ရတယ်ဆိုပေမယ့် သူ တို့ကိုယ်တိုင်က စစ်တပ်ထဲ မ၀င်ချင်ကြလို့ ထွက် ပြေးကြတာပေါ့ ” လို့ သူကပြောပါတယ်။

ထန်းကုန်တိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်တွေမှာ စစ် တပ်နဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေ ရှိတဲ့အတွက် အနီးအနားက ကျေးရွာတွေမှာလည်း အမြဲလိုလို စစ်ရှောင်နေရပြီး နှစ်နဲ့ချီ နေရပ်မ ပြန်နိုင် သေးသူတွေလည်းရှိတယ်လို့ သူကဆက် ပြောပါ တယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ကန့်ဘလူခရိုင် ဇီးကုန်း တိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်းနဲ့ ဖိုလ်ကုန်း ရွာသုံးရွာက ဒေသခံ ပြည်သူ ငါးထောင် လောက်ဟာ စစ်မှုထမ်းစာရင်းကောက်နိုင်ဖို့ စစ်တပ် က စစ်ကြောင်းထိုးလာတဲ့အတွက် ထွက်ပြေး တိမ်း ရှောင်နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှု ပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ နဲ့ သူတို့အား ကောင်း တဲ့ကျေးရွာတွေမှာ အ်ိမ်ထောင်စုစာရင်းနဲ့တိုက်ပြီး စစ်သင်တန်းတက်ဖို့ အတင်းအကျပ် ဖိအားပေး လျှောက်လွှာ ဖြည့်ခိုင်းသလို ရပ်ဝေးမှာ

ရွေ့ပြောင်းနေထိုင်သူတွေကိုလည်း မဖြစ်မနေ ပြန်လည် ခေါ်ပေးဖို့ ဖိအားပေးခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။  

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့ခံ တဦးကတော့ စစ်မှုမထမ်းချင်လို့ ကျေးရွာကနေ ထွက်ပြေးလာတဲ့ လူငယ်တွေကို တော်လှန် ရေး တပ်တွေက စုပေါင်းပြီး နေထိုင်ဖို့နဲ့ စားသောက်ဖို့ကို ကူညီလုပ်ကိုင်ပေးတာရှိသလို သက်ဆိုင်ရာ နယ်မြေ အလိုက် ရွေ့ပြောင်းနေထိုင်ချင်သူတွေကိုလည်း ချိတ်ဆက်ပေးတယ်လို့ ဆိုပါတယ်။

“ ဒီမှာ သူတို့နဲ့နေမယ်ဆိုရင်လည်း လက်ခံပေး ထားတယ် ဒါမှမဟုတ်ပေါ့ တခြားဒေသမှာ အလုပ် လုပ်ကိုင်ချင်တယ်ဆိုရင်လည်း ကိုယ်ဆန္ဒရှိတဲ့ အ ရပ်ဒေသကို သွားနိုင်ဖို့ ချိတ်ဆက်ကူညီပေးတယ် ” လို့ သူကပြောပါတယ်။

အခုလို စစ်တပ်ရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေကြောင့် နေ့စဉ်ဆိုသလို ထွက်ပြေးလာသူတွေ များပြားလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ တခြားအ ကူအညီတွေလည်းလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့ အနက် စစ်ကောင်စီတပ်က သူတို့ထိန်းချူပ်မှုရှိတဲ့ မြို့ နယ်ပေါင်း ၁၇၀ ကျော်လောက်မှာ စစ်မှုထမ်း ဥပ ဒေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးစား

နေတယ်လို့ အဲဒီအရေးကို စောင့်ကြည့်နေတဲ့ သု တေသန အဖွဲ့တခုဖြစ်တဲ့ Data For Myanmar ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။