ကဗျာဆရာမောင်အောင်ပွင့် နာရေးဆီကိုရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်

၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧရာဝတီတိုင်း ပုသိမ်မြို့က ကဗျာဆရာကြီးမောင်အောင်ပွင့်ရဲ့ နာရေးဆီကိုရောက်လာပြီး မိသားစုကို နှစ်သိမ့်အားပေးကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပေးပို့တဲ့ ဝမ်းနည်းကြောင်း သဝန်လွှာကို ကိုယ်စားလာရောက် ပေးအပ်ခဲ့ပါတယ် ။
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု ပြပွဲကို တက်ရောက်ပြီး အပြန်မှာ ဒီနေ့ ညနေ ၃ နာရီမှာ ဆရာမောင်အောင်ပွင့်ရဲ့ နာရေးဆီကို ရောက်ရှိလာခဲ့တာ ပဲဖြစ်ပါတယ် ။