ကဗျာဆရာမောင်အောင်ပွင့် ရဲ့ နောက်ဆုံးဆန္ဒ

၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပုသိမ်မြို့ရှိနေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ကဗျာစာပေဖြတ်သန်းမှုတွေအပြင် နိုင်ငံရေးဖြတ်သန်းမှု ခိုင်မာအားသန် ခဲ့တဲ့ ဆရာမောင်အောင်ပွင့်က နိုင်ငံရေးအကျဉ်းသားအဖြစ် ၃ ကြိမ် ၊ တံတားဦးအချုပ်မှာ ၁ ကြိမ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ဆရာက သူ့ရဲ့ နောက်ဆုံးကာလတွေမှာ သမီးဖြစ်သူ လုံမငြိမ်းချမ်းကို သူ့ဆန္ဒကို အခုလို ပြောပြ ခဲ့ပါတယ် ။

ဆရာမောင်အောင်ပွင့် ဈာပန အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး အမျိုးသား အောင်ပွဲနေ့ အခမ်းအနားနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ဆရာမောင်အောင်ပွင့်က သူဖြတ်သန်းခဲ့တဲ့ ကဗျာစာပေခရီးရှည်ကြီးအတွင်း ပြည်တွင်းပြည်ပက စာပေမီဒီယာဆိုင်ရာ ဆုတွေများစွာရရှိ အသိအမှတ်ပြုခံခဲ့ရပြီး ကမ္ဘာ့ကအသိအမှတ်ပြုလေးစားခဲ့တဲ့ ကဗျာဆရာကြီး တစ်ဦးလည်း ဖြစ်ပါတယ် ။