ဧရာဝတီတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးလာစေဖို့ ရင်းနှီးမြှုပ်နှံမှုပြပွဲလုပ်

ဒီဇင်ဘာ၊ ၁ ရက် ၊ ၂၀၁၈ ။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာစေဖို့ နဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်နိုင်ဖို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲကို ငွေဆောင်ကမ်းခြေက ယမုံနာဦးဟိုတယ်မှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိကျင်းပခဲ့တာပါ။ပြပွဲကို စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဦးလှမိုးအောင် ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကယားပြည်နယ်ဝန်ကြီး ဦးအယ်ဖောင်ရှိုးတို့လည်းတက်ရောက်ခဲ့ကြပါတယ်။