အမျိုးသားနေ့အောင်ပွဲနေ့မှာ ကျင်းပခဲ့တဲ့ ကဗျာဆရာမောင်အောင်ပွင့်ရဲ့ ဈာပန အခမ်းအနား

ဒီဇင်ဘာ ၊ ၂ ရက် ၊ ၂၀၁၈ ။

ကမ္ဘာသိ ထင်ရှားတဲ့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ မောင်အောင်ပွင့်ရဲ့ဈာပနအခမ်းအနားကို ဒီနေ့ အမျိုးသားနေ့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတက ဝမ်းနည်းခြင်းအတွက် ရည်စူးပြီးအလှူပစ္စည်းများပေးပို့ ခဲ့သလို နိုင်ငံရေးပါတီတွေ ၊ စာပေအနုပညာအဖွဲ့အစည်းတွေကလည်း လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ကြပါတယ် ။

ဈာပန အခမ်းအနားကို မွန်းလွဲ ၂ နာရီမှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် မနက် ၁၀ နာရီကစတင်ပြီး အမျိုးသားနေ့ အောင်ပွဲအထိမ်းအမှတ် ဟောပြောတာတွေ ၊ ဆရာမောင်အောင်ပွင့်အတွက် အမှတ်တရ ကဗျာရွတ်တာတွေ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ် ။

ကဗျာဆရာမောင်အောင်ပွင့်က မြန်မာ့ဗီဒီယိုဂျာနယ်လစ်ခေတ်ဦးမှာ ပါဝင်ခဲ့သလို အာဏာရှင်အစိုးရ အဆက်ဆက်ကို အံတုတွန်းလှန်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားအဖြစ်အကြိမ်ကြိမ် ကျခံခဲ့ရသူ ဖြစ်ပါတယ် ။

ကဗျာဆရာ မောင်အောင်ပွင့်က သူရဲ့ဇနီးဖြစ်သူ ဒေါ်နန်းညွှန့်ရွှေ ကွယ်လွန်ပြီး ၃ လကျော်အကြာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။ကဗျာဆရာမောင်အောင်ပွင့်ဟာ ကွယ်လွန်သွားတဲ့အချိန်မှာ အသက် ၇၄ နှစ်ရှိပြီ ဖြစ်ပါတယ် ။